ငါန်းဇွန်၊ နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ(၉)ဇုံခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် ယမန်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယသုတ် ဒုတိယအကြိမ် စတင်ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ တတိယသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးရာ ငါန်းဇွန်မြို့နယ် အတွင်း မြို့မဇုံမှ (၅၆)ဦး၊ မြို့သာဇုံမှ (၂၀၇)ဦး၊ ငါန်းမြာဇုံမှ (၉၉)ဦး၊ ခြင်္သေ့လက်ဇုံမှ (၈၄)ဦး၊ သားကျင်ဇုံမှ (၂၈)ဦး၊ ဂျိုဇုံမှ (-)ဦး၊ သံဘိုဇုံမှ (-)ဦး၊ ရေလည်သောင်ဇုံမှ (-)ဦး၊ ကုလားရွာဇုံမှ (-)ဦး၊ မြို့နယ်အတွင်း ဇုံ(၉) ဇုံမှ (၅၅)နှစ်နှင့်အထက်ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် စုစုပေါင်း(၄၇၄)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၅၅)နှစ် နှင့်အထက် ပြည်သူများနှင့် သတ်မှတ် ဦးစားပေးအုပ်စုအလိုက် လူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာ ရေးအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးကြပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယသုတ် ဒုတိယအကြိမ်ကို နိုဝင်ဘာ ၂၀ရက်နေ့မှစ၍ နေ့စဉ်နံနက် ၉နာရီအချိန်မှစ၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - သက်နောင်ဦး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment