ပွင့်ဖြူမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများ အား ဆေးထိုးစုရပ်(၄)နေရာတွင် ဆက်လက်ထိုးနှံပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပွင့်ဖြူမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများ အား ဆေးထိုးစုရပ်(၄)နေရာတွင် ဆက်လက်ထိုးနှံပေး

.com/img/a/


ပွင့်ဖြူ၊ နိုဝင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် ဒေသခံ ပြည်သူများကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးရာ သတ်မှတ်ဆေးထိုးစုရပ်များအလိုက် ဒေသခံ ပြည်သူများက စိတ်အေးချမ်းစွာ ကာကွယ်ဆေး လာရောက်ထိုးနှံလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေးအတွက် ဆေးထိုးစုရပ် (၄)နေရာခွဲ၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်းကျေးရွာ နိဗ္ဗာန်(တ)ကျောင်း၊ ကုန်းဇောင်း ကျေးရွာတိုက်နယ်ဆေးရုံ၊ မဲဇလီကျေးရွာ ကျေးလက် ကျန်းမာရေးဌာနတို့တွင် ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက် ပေးနေကြောင်းသိရကာ  ယနေ့ ဆေးထိုးစုရပ်(၄)နေရာတွင် ဒုတိယအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံသူဦးရေ  ၅၁၅ ဦး ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရေးအတွက် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား သတ်မှတ် ဆေးထိုးစုရပ်များတွင် မဖြစ်မနေ ကာကွယ်ဆေး သွားရောက်ထိုးနှံရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် နေ့စဉ်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်းလည်း သိရသည်။

သတင်း - ရဲဝင်းနိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Pages