ပုဏ္ဏားကျွန်း၊ နိုဝင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပြိုင်တောင်ကျေးရွာအုပ်စု၊ ကျောက်သံခြေကျေးရွာအနီး ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းမပေါ်ရှိ (ခမမပည DT-8406402)၌ ဝါးခုတ်ချောင်းတံတား အလျား (၁၂၀)ပေ၊အကျယ်(၁၈)ပေ၊ သစ်သားဘေလီတံတားအမျိုးအစားမှာ ယနေ့၊နံနက်(၅)နာရီခွဲအချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကုန်တင်ကားကြီးတစ်စီးမှ တွေ့ရှိသဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၆ နာရီခွဲ အချိန်တွင် မီးငြိမ်းသွားခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင်း ဝါးခုတ်ချောင်းတံတားအလယ်၌ အကျယ် ၃ ပေခန့်ပျက်စီးသွားပြီး၊မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍မရ ဖြစ်နေပါသဖြင့် ဆိုင်ကယ်များ၊ ဘေးတွဲယာဉ်များ ဖြတ်သန်းသွားလာလျက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် ပုဏ္ဏားကျွန်းမြို့နယ် လမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးသန်းဌေး ဦးဆောင်သော အဖွဲ့များက တံတားပြုပြင်ပေးလျက်ရှိပြီး၊ မီးလောင်းကျွမ်းရမှုဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment