ကျိုင်းတုံ၊ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း အသက် ၁၈ နှစ် ပြည့်ပြီးသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၂၄ ရက်က မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများရှိ ဆေးထိုးစုရပ် နေရာများတွင် တစ်ပြိုင်နက်တည်း ထိုးနှံဆောင်ရွက်ပေးသည်။
ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ကာကွယ်ဆေးများ စနစ်တကျထိုးနှံပေးရာ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၁၃၃၀ ဦးနှင့် အသက် ၁၂ နှစ်ထက် ကျောင်းသား၊ ကျောင်းသူ ၃၅၀ ဦးအား ထိုးနှံ ောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာဆိုင်ရာဝန်ထမ်းများက ကြီးကြပ်အားပေးကူညီဆောင်ရွက်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားဆရာဝန်များ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်း - အောင်ဇင်မြင့်(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment