ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဒေသကိုယ်စားပြုအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဒေသကိုယ်စားပြုအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

.com/img/a/

.com/img/a/


စစ်တွေ၊ နိုဝင်ဘာ  ၂၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဒေသကိုယ်စားပြု အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်း က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း က ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ အကြီးအကဲများသည် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် အရေးကြီးသည့် တာဝန်ကိုထမ်းဆောင်နေရသူများ ဖြစ်ကြကြောင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝဆိုသည်မှာ ကျန်းမာရေး၊ ပညာရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးစသည့် အပေါ်ထပ် အဆောက်အဦများနှင့် သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ လမ်း၊ တံတား၊ အဆောက်အဦများစသော အခြေခံအဆောက်အဦများ တိုးတက်ရေး၊ ဖွံ့ဖြိုးရေးစသည်ဖြင့် များစွာကျယ်ပြန့်လှပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းခံစားရချိန်တွင် ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများကို ဖွဲ့စည်းပြီး အဆင့်ဆင့်သော ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအနေနဲ့ ဆေးထိုးရန် အကျုံးဝင်သည့် လျာထားဦးရေအနက် ပထမအကြိမ်ထိုးနှံပြီးစီးမှု ၂၇ ဒသမ ၉ ရာခိုင်နှုန်း၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးမှု ၂၈ ဒသမ ၃  ရာခိုင်နှုန်း ထိုးနှံဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အဆင့်ဆင့်သော ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများနှင့် အဖွဲ့အစည်းအသီးသီးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ ပြည်နယ်အတွင်း တိုက်ပွဲရှောင်စုရပ်နှင့် ဆွေမျိုးနေအိမ်များတွင် နေထိုင်သည့် အိမ်ထောင်စုများနှင့် ဌာန၊ လူမှုအဖွဲ့အစည်းများကိုလည်း   ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် Mask၊ HandGel၊ ကာဘော်လိတ်ဆပ်ပြာတို့ကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းတစ်ဖြည်းဖြည်း လျော့ချလာသည်နှင့်အမျှ အခြေခံပညာကျောင်းများကို ဖွင့်လှစ်နိုင်ခဲ့ပြီး မကြာမီကာလအတွင်းမှာ အဆင့်မြင့်ပညာဖြစ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ ကိုလည်း ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း၊ ယခုအစည်းအဝေးတွင် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဒေသကိုယ်စားပြုအဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ လူမှုစီးပွားဘဝများနှင့်ပတ်သက်ပြီး အားသာချက်၊ အားနည်းချက်များကို အတိုင်းအတာတစ်ခုအထိ ကြားသိရလိမ့်မည်ဟုလည်း ယုံကြည်မျှော်လင့်မိပါကြောင်းနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြကြရန်လည်း တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး က ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ရာတွင် တပ်မတော်မှ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နေမှုတို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဒေသကိုယ်စားပြုအဖွဲ့ဝင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးနေမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Pages