ကျိုင်းတုံ၊ နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အလုံးရေ ၁၄၉၀၀ လုံးနှင့် Sinovac အလုံးရေ ၃၀၀၈ လုံး တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ခဲ့ရာ ယနေ့နံနက် ၁၁ နာရီက ရောက်ရှိသည်။
တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်လာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အလုံးရေ ၁၄၉၀၀ လုံး၊ Sinovac အလုံးရေ ၃၀၀၈ လုံး၊ ဆေးထိုးအပ်များနှင့်အတူ RT-PCR Machine ဖြင့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးမှု လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရန် လိုအပ်သည့် ရေခဲသေတ္တာ ၂ လုံး ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်းနှင့် တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြသည်။
အဆိုပါရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစားသည် တစ်လုံးလျှင် လူဦးရေ ၅ ဦးထိုးနှံနိုင်ပြီး Sinovac အမျိုးအစားသည် တစ်လုံးလျှင် လူဦးရေ ၂ ဦး ထိုးနှံနိုင်၍ စုစုပေါင်း လူဦးရေ ၈၀၅၁၆ ဦးအား ထိုးနှံပေးနိုင်ရေး ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မြို့နယ်များ အလိုက် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - အောင်ဇင်မြင့်(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment