ငပုတော၊ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ၊ ဟင်းအိုးချောင်းကျေးရွာအုပ်စု ရေငံ သရက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ( ခွဲ ) တွင် ယမန်နေ့ နေ့လည် ၁၂ နာရီက ကျောင်းသား ၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုယ်ဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ဒုတိ ယအကြိမ်ဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရ သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟင်းအိုးချောင်းကျေးရွာ အုပ်စု၊ ရေငံသရက် ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ( ခွဲ )၌ “ကျောင်း နေအရွယ်ကလေးတိုင်း ကျန်း မာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျေးရွာအုပ်စုအတွင်းရှိ အသက် ၁၂ နှစ်အထက်အခြေခံပညာ အလယ်တန်းနှင့်အထက်တန်း အဆင့်ကျောင်းသား၊ ကျောင်းသူ များအား ယမန်နေ့ နေ့လယ် ၁၂ နာရီမှ စ၍ ရေငံသရက်ကုန်း အ ခြေခံပညာ အထက်တန်းကျောင်း (ခွဲ)အစည်းအဝေးခန်းမတွင် ကျန်းမာရေး ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဒုတိယ အကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျေးရွာအတွင်း ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမည့်အသက် ၁၂ နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၇၆ ဦးအား ယနေ့တွင် ကျေးလက် သူနာပြု ဆရာမများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေး လျက်ရှိပြီး၊ ကာကွယ်ဆေးထိုး နှံပေးရာသို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ တာဝန်ရှိ သူများ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
သတင်း - နုနုအေး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment