မိတ္ထီလာ၊ နိုဝင်ဘာ ၂၅
မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးစီးသော အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသား။ ကျောင်းသူများအား နိုဝင်ဘာလ ၂၇ ရက်နေ့မှစတင်ပြီး အဆိုပါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပြီးစီးတဲ့ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို နိုဝင်ဘာလ ၂၇ ရက်နေ့က စတင်ပြီး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ကျောင်းသူ၊ ကျောင်းသားများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးမှာဖြစ်ပါတယ်။ ပထမအကြိမ်ထိုးနှံခဲ့တဲ့ ဆေးထိုးစု ရပ်များမှာပဲ နိုဝင်ဘာလ ၂၇ ရက်၊၂၈ ရက်၊၂၉ ရက်၊ ဒီဇင်ဘာလ ၃ ရက်၊ ၄ ရက်နဲ့ ၆ ရက်နေ့များမှာ ထိုးနှံပေးသွားမှာဖြစ်ပါတယ်ဟု မြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဌေးဝင်းက ပြောသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ် ပညာရေးဌာနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းရှိ အသက် ၁၂ နှစ်နှင့်အထက်အခြေခံပညာ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၅၉၅၅ ဦးအား အောက်တိုဘာလ ၁၇ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
သတင်း - ချမ်းသာ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment