ကျေးရွာအုပ်စုအတွင်းမှ ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများ ပဥ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ကျေးရွာအုပ်စုအတွင်းမှ ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများ ပဥ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

.com/img/a/


နောင်တရား၊ ဒီဇင်ဘာ  ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု တီကျစ်မြို့မ ဘုန်းတော်ကြီးကျောင်းစုရပ်၌ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများအား ပဉ္စမသုတ်ပထမအကြိမ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေးလုပ်ငန်းများကို ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာအုပ်စုများ အတွင်းမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများကို ပဉ္စမသုတ်၊ ပထမအကြိမ် အဖြစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် တီကျစ်ကျေးရွာအုပ်စု တီကျစ်မြို့မ ဘုန်းတော်ကြီးကျောင်းစုရပ်၌ သာသနာ့ဝန်ထမ်းများ၊ အခြားဝင်ငွေရှိလုပ်ငန်းလုပ်ကိုင်သူများ၊ မှီခိုနှင့် နိုင်ငံဝန်ထမ်း စုစုပေါင်း (၅၄၅)ဦး ကာကွယ်ဆေး လာရောက်ထိုးနှံသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး မထိုးနှံရသေးသည့် ပြည်သူများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကျေးရွာအုပ်စု အတွင်းရှိ စုရပ်များ၌ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

သတင်း - ခွန်အောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Pages