နေပြည်တော်၊ ဒီဇင်ဘာ ၁၃
သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၁,၆၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့ သည် ဒီဇင်ဘာ ၁၁ ရက် ညနေ ၃ နာရီခွဲတွင် သာစည်မြို့နယ်၊ မိတ္ထီလာ-တောင်ကြီးသွား ကားလမ်း၊ ကျွဲတပ်ဆုံကျေးရွာအနီး မိုင်တိုင်အမှတ်(၃၁/၄)တွင် မိတ္ထီလာမှ တောင်ကြီးဘက်သို့ ထွန်းလင်းနောင် (ခ)နောင်နောင် (၂၄)နှစ် မောင်းနှင်ပြီး ဇော်မျိုးဦး(၂၂)နှစ် လိုက်ပါလာသည့် ၂၂ ဘီး တွဲကား မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၆၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း Toluene ၇,၅၀၀ လီတာ၊ Acetone ၃,၀၀၀ လီတာနှင့် Ethylacetate ၇,၅၀၀ လီတာ တို့အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ထိန်းချုပ် ဓာတု ပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီးမှ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ သယ်ဆောင်ခြင်းဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment