နေပြည်တော်၊ ဒီဇင်ဘာ ၁၃
မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ သင်တန်း အမှတ်စဉ် (၂/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် M-Gallery ဟိုတယ်၌ ဖွင့်လှစ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက် အမှာစကား ပြောကြားသည်။
လေ့ကျင့်သင်တန်းပေးခြင်းသည် အဓိက ကျပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်စီမံ ခန့်ခွဲမှု လုပ်ငန်းများကို နိုင်ငံတစ်နိုင်ငံတည်း၊ အဖွဲ့အစည်း တစ်ခုတည်းကဆောင်ရွက်မည်ဆိုပါက ပန်းတိုင်နှင့် အလှမ်းကွာမည်ဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်မှုကို အားပေးလုပ်ဆောင်ပါကြောင်း၊ ယခု မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့သင်တန်း သည်လည်း အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်မှု၏ ရလဒ်တစ်ခုဖြစ်ပါကြောင်း၊ အာဆီယံအဆင့်တွင် အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာ ရေးအဖွဲ့ ASEAN-ERAT ရှိသကဲ့သို့ ပြည်တွင်းတွင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ ရှိသင့်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre တို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာ ထောက်ပံ့မှုပေးခြင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်း၏ လုပ်ငန်းစဉ် များအနက် မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့ ဖွဲ့စည်းပြီး လေ့ကျင့်သင်တန်းပေးခြင်းသည် အဓိက အကျဆုံးဖြစ်ပါကြောင်း။
သင်တန်းအတွက် သင်ရိုးညွှန်းတမ်းတွင် ပဋိပက္ခအခြေအနေတွင် ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းနှင့် လူမှုသဟဇာတဖြစ်ရေး ဘာသာရပ် များပါ ထပ်မံထည့်သွင်း ရေးဆွဲခဲ့ပါကြောင်း၊ ၎င်းဘာသာရပ်များသည် ပြည်တွင်းစွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် လိုအပ်သကဲ့သို့ လူမှုဘဝရေရှည် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်အတွက် အထောက်အပံ့ဖြစ် မည်ဟု ယူဆပါကြောင်း၊ ထို့အပြင် ဘေးအန္တရာယ် နှင့် ရင်ဆိုင်ကြုံတွေ့ရပါက မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့မှ ဘေးတုံ့ပြန်ရေးလုပ်ငန်းများ၊ ဆန်းစစ်လေ့လာရေးလုပ်ငန်းများ၊ ညှိနှိုင်းပေါင်းစပ် မှုများဆောင်ရွက် နိုင်စေရန်အတွက် အရေးပါသော အဖွဲ့တစ်ဖွဲ့ ဖြစ်လာစေရန်အထိ မျှော်မှန်းပါကြောင်း၊ မြန်မာဘေး အန္တရာယ်တုံ့ပြန်ရေးအဖွဲ့ သင်တန်းသည် သင်တန်းသား တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေရသောဝန်ကြီးဌာနများမှ အလယ် အလတ်အဆင့် အရာထမ်းများပါဝင်သည့်အတွက် ဝန်ကြီးဌာနများအချင်းချင်း ချိတ်ဆက်ဆောင်ရွက် ရသည့်လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက် မှုများ ပိုမိုအားကောင်းလာမည်ဖြစ်သကဲ့သို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာများဆောင် ရွက်နေသည့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း ပါဝင်သည့်အတွက် ယနေ့ သင်တန်းမှ ရရှိမည့်အတွေ့ အကြုံဗဟုသုတ၊ နည်းပညာများဖြင့် မိမိနေထိုင်ရာ မြို့နယ် ဒေသကို အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နည်းပြ များ၊ သက်ဆိုင်ရာဌာနအသီးသီးမှ သင်တန်းသား များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် လူမှုရေး အဖွဲ့အစည်းများမှ သင်တန်းသားများအပါအဝင် သင်တန်းသားစုစုပေါင်း ၄၂ ဦး တက်ရောက်ခဲ့ကြ ပြီး သင်တန်းကို ယနေ့မှ ဒီဇင်ဘာ ၁၈ အထိ သင်တန်းကာလ ခြောက်ရက်ကြာ ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment