နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး) (၂၇)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင် ကျင်းပမည် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး) (၂၇)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင် ကျင်းပမည်

.com/img/a/


 ရန်ကုန်၊ ဒီဇင်ဘာ ၁၃

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/ မန္တလေး) တို့မှ ၁၃၈၀-၁၃၈၁ ခု၊ ပညာသင်နှစ်တွင် သာသနတက္ကသီလဓမ္မပါရဂူ(Ph.D)ဘွဲ့(၁)ပါး၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ(M.A)ဘွဲ့(၁၉)ပါး၊ သာသနတက္ကသီလဓမ္မာစရိယ (B.A)ဘွဲ့ (၉၂)ပါး၊ စုစုပေါင်း (၁၁၂)ပါး တို့အား ဘွဲ့ဆက်ကပ်မည့် (၂၇)ကြိမ်မြောက် သာသန တက္ကသီလ မဟာဘွဲ့နှင်း သဘင်အခမ်းအနားကို ၁၃၈၃ ခုနှစ်၊ နတ်တော်လပြည့်၊  ဒီဇင်ဘာ ၁၈ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်၊ မဟာဘွဲ့နှင်းသိမ် ဓမ္မာရုံကြီး၌ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဘွဲ့ခံယူတော်မူမည့် သံဃာတော်များသည် ဘွဲ့နှင်း သဘင် သို့ ဒီဇင်ဘာ ၁၆  ရက် နောက်ဆုံးထား၍ အချိန်မီကြွရောက်တော်မူပါရန် ဘွဲ့ခံသံဃာတော်များအား သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနက နှိုးဆော်ပင့်လျှောက်ထားပါကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Pages