တနင်္သာရီ၊ ဒီဇင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ၂၀၂၁-ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်မှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉လမ်းညွှန်ချက်နှင့် အညီ အခြေခံပညာကျောင်း(၁၀၁)ကျောင်းအား ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့ အထိ အခြေခံပညာကျောင်းသူ/သားပေါင်း(၇၁၃၅)ဦး အေးချမ်းစွာ တက်ရောက် သင်ကြားနေ ကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ နေ့စဉ်မှတ်တမ်းအရ သိရသည်။
မြို့နယ်အတွင်း (မူလတန်းသင် ဘ/ကကျောင်း အပါအဝင်)အခြေခံပညာကျောင်း(၁၀၁) ကျောင်းတွင် အထက်တန်းအဆင့်ကျောင်းသူ/သား(၄၆၅)ဦး၊ အလယ်တန်းအဆင့် (၂၀၆၆)ဦးနှင့် မူလတန်း အဆင့်၌(၄၆၀၄)ဦး၊ စုစုပေါင်း (၇၁၃၅)ဦးတို့က အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရ သည်။
သတင်း - နန်းသာရီ-ထိန်ဝင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment