မြန်မာပို့ကုန်လုပ်ငန်းရှင်များ တရုတ်နိုင်ငံအကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)တွင် မှတ်ပုံတင်နိုင်ရေး အသိပေးနှိုးဆော် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြန်မာပို့ကုန်လုပ်ငန်းရှင်များ တရုတ်နိုင်ငံအကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)တွင် မှတ်ပုံတင်နိုင်ရေး အသိပေးနှိုးဆော်

.com/img/a/

.com/img/a/

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (The General Administration of Customs of China - GACC) & oposto ၏ အမိန့်ကြေညာချက်အမှတ် (၂၄၈)၊ (၂၄၉) တို့အရ တရုတ်နိုင်ငံ သည် GACC တွင် မှတ်ပုံတင်ထားသောလုပ်ငန်းများမှ စားသောက် ကုန်များကိုသာ (၁-၁-၂၀၂၂) ရက်နေ့မှစတင်၍ တရားဝင်တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ စားသောက်ကုန်၊ လယ်ယာထွက်ကုန်နှင့် မွေးမြူရေးထုတ်ကုန်များ တင်ပို့လျက် ရှိသော/ တင်ပို့လိုသော မြန်မာ နိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏လုပ်ငန်းများကို တရုတ်နိုင်ငံ(GACC)တွင် လုပ်ငန်းမှတ်ပုံတင်ခြင်းကို ကုန်သည်အသင်း အဖွဲ့များမှတစ်ဆင့် လည်းကောင်း၊ ကုမ္ပဏီများမှ တိုက်ရိုက် လည်းကောင်း ကုန်စည်အုပ်စုအလိုက်ဆက်သွယ် လျှောက်ထားမှုများကို သက်ဆိုင်ရာ (Competent Authority) များမှ တာဝန်ယူ ဆောင်ရွက်ပေး လျက်ရှိကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အစားအသောက်တင်ပို့သည့်လုပ်ငန်းများ မှတ်ပုံတင်ခြင်းနှင့် ထောက်ခံချက်ပေးနိုင်ရေးလုပ်ငန်းအဖွဲ့ က ထုတ်ပြန်ထားသည်။

အဆိုပါ လုပ်ငန်းများမှတ်ပုံတင်ခြင်းကို တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင် အဖွဲ့ (GACC) တွင် (၃၁-၁၂-၂၀၂၁) ရက်နေ့ နောက်ဆုံးထား၍ မှတ်ပုံတင်ကြရမည်ဖြစ်သောကြောင့် မှတ်ပုံတင်ရန်ကျန်ရှိသော ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အချိန်မီ မှတ်ပုံတင်နိုင်ရေးအတွက် ကုန်ပစ္စည်းအမျိုးအစားအလိုက် သက်ဆိုင်ရာ (Competent Authority) များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြပါရန် အသိပေးနှိုးဆော်ထားသည်။ 

စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးရန်လိုအပ်သော ကုန်စည်အမျိုးအစား ၅၂ မျိုး စာရင်းအား အသေးစိတ်သိရှိလိုပါက https://mitc.myantrade.gov.mm တွင် ဝင်ရောက်လေ့လာ နိုင်ကြောင်း ထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Pages