ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ NLD, PDF ဆူပူအကြမ်းဖက်သူများက ခရိုင်ပညာရေးမှူးရုံးနှင့် စာသင်ကျောင်းတို့အား မီးရှို့ဖျက်ဆီး - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ NLD, PDF ဆူပူအကြမ်းဖက်သူများက ခရိုင်ပညာရေးမှူးရုံးနှင့် စာသင်ကျောင်းတို့အား မီးရှို့ဖျက်ဆီး

.com/img/a/

.com/img/a/

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ NLD, PDF ဆူပူအကြမ်းဖက်သူများက ခရိုင်ပညာရေးမှူးရုံးနှင့် စာသင် ကျောင်းတို့အား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


ထိုသို့ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုငးဒေသကြီး၊ ကသာမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ပန်းပဲရပ်ရှိ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အဆိုပါကျောင်းဝင်းအတွင်း KG တန်း စာသင်ဆောင်ရှိ သွပ်မိုး/ထရံကာ/အုတ်ခင်းအခန်း၏ ထရံများ၊ စာသင်ခုံနှင့် ထိုင်ခုံ စုစုပေါင်း ၁၂ ခုံတို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။


အလားတူ ည ၇ နာရီ ၂၀ မိနစ်အချိန်တွင် ကလေးမြို့နယ်၊ စမ်းမြို့ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ကလေးခရိုင်ပညာရေးမှူးရုံးအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားကြောင်း သတင်း ရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့က မီးသတ် ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၂ စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၃၅ မိနစ်အကြာတွင် မီးငြိမ်း သွားခဲ့ပြီး မီးလောင်မှုကြောင့် အလျား ၈၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၂၈ ပေရှိ ကွန်ကရစ်ခင်း၊ အုတ်ကာ/သွပ်မိုး/နံကပ်တိုက် အဆောက်အဦ ၁ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ 


အထက်ပါဖြစ်စဉ်များမှ ခရိုင်ပညာရေးမှူးရုံးနှင့် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခဲ့ သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Pages