Andaman Eight ဂျပန်စာသင်တန်းကျောင်းမှ ဆရာ၊ ဆရာမများက PDF အကြမ်းဖက်အဖွဲ့အတွက် အလှူငွေများကောက်ခံပြီး ထောက်ပံ့ပေးလျက်ရှိကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Andaman Eight ဂျပန်စာသင်တန်းကျောင်းမှ ဆရာ၊ ဆရာမများက PDF အကြမ်းဖက်အဖွဲ့အတွက် အလှူငွေများကောက်ခံပြီး ထောက်ပံ့ပေးလျက်ရှိကြောင်း သိရ














MNP ၊ ဖေဖော်ဝါရီ ၁၈

မင်္ဂလာဒုံဥယာဉ်မြို့နယ်အတွင်းရှိ Andaman Eight ဂျပန်စာသင်တန်းကျောင်းမှ ဂျပန်စာဆရာ Myo Zaw Aung ၊ ဂျပန်စာ ဆရာမ Aye Thandar Shane တို့ က သင်တန်းသားများထံမှ PDF အကြမ်းဖက်အဖွဲ့အတွက် အလှူငွေများ ကောက်ခံပြီး ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အမည်မဖော်လိုသူတစ်ဦးက "သူတို့ ဆီကို ဂျပန်စာသင်ဖို့ သွားကြတာ။ နိုင်ငံရေး ပြဿနာတွေ ဖန်တီးဖို့ သွားနေတာလည်း မဟုတ်ဘူး။ သူတို့ ယုံကြည်သလို ကိုယ်ယုံကြည်ချင်မှ ယုံကြည်မယ်ပေါ့။ အခုက သူတို့ဆီ သင်တန်းတက်သူတိုင်းကို အကြမ်းဖက်အားပေးဖြစ်အောင် လုပ်နေတာ။ ကလေးတွေက ဆရာ၊ ဆရာမနဲ့ ပြဿနာမတက်ချင်လို့ သူတို့ အလှူခံရင် ပေးရတယ်။ မပြောသာဘူး။ ဒီလောက် PDF အကြမ်းဖက်သမားတွေက သောင်းကျန်းလို့ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ ၂၀၀၀ ကျော် အသတ်ခံရပြီးတာတောင် သူတို့က PDF အတွက် အလှူငွေကောက်ခံပေးနေသေးတယ်ဆိုတော့ ဒီကျောင်းက အကြမ်းအားပေးကျောင်း ဖြစ်နေပြီ။ NLD တွေ စပြီး ဆူပူဆန္ဒပြမှုတွေ လုပ်လာကတည်းက ကျောင်းသားတွေကို တစ်ဖက်လှည့်နဲ့ နိုင်ငံရေးစည်းရုံးလှုံ့ဆော်မှုတွေ လုပ်နေတာ။ အခုထိ PDF အကြမ်းဖက်အဖွဲ့အတွက် ငွေကြေးကောက်ခံပြီး ထောက်ပံ့ပေးနေတယ်ဆိုတော့ စဉ်းစားကြပေတော့။ ဒီလို အကြမ်းဖက်အားပေးတွေ ရှိနေသ၍ ဘယ်လိုမှ မငြိမ်းချမ်းနိုင်ဘူး" ဟု မြန်မာနေရှင်နယ်ပို့စ်သို့ ပြောသည်။

Andaman Eight သင်တန်းကျောင်းသည် အမှတ် ၅၅(A)၊ ခရေရိပ်သာလမ်း၊ မင်္ဂလာဒုံဥယာဉ်မြို့တော်၊ မင်္ဂလာဒုံမြို့နယ် အတွင်း တည်ရှိပြီး အဆိုပါကျောင်းမှ အကြမ်းဖက်အားပေး ဂျပန်စာ ဆရာ၊ ဆရာမ လုပ်နေသူများကို တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးထိန်းသိမ်းနိုင်ရန် မြန်မာနေရှင်နယ်ပို့စ်က ဖော်ထုတ်တင်ပြလိုက်ရပါသည်။


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)