ခရိုင်နှင့်မြို့နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရိုင်နှင့်မြို့နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး

 


MNP - ဖေဖော်ဝါရီ    ၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တေဇခန်းမ၌ ခရိုင် နှင့်မြို့နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ခရိုင် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင်က ခရိုင်အတွင်း ကိုဗစ်- ၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်မျှော်တွေးပြီး ပြင်ဆင်မှုများလုပ်ဆောင်ကြရန်၊ ပြည်သူများကျယ် ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်ရန်၊ မြို့ဝင်မြို့ထွက်များတွင် ကိုဗစ်- ၁၉ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကြရန်၊ ဆေးဝါးကုသနိုင်ရေးနှင့်ကန့်သတ်စောင့်ကြည့်စင်တာများ ကြိုတင်ပြင်ဆင် ထားရန်၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ခွဲတမ်းရရှိသည့်ဆေးများ ပြီးပြတ်အောင် ထိုးနှံပေးရန်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဌများက မိမိတို့မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု  နှင့် စီမံဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ ခရိုင်နှင့်မြို့နယ် ကိုဗစ်- ၁၉ ကော်မတီဝင်များက ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကြိုတင်ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြခဲ့ကြ ကြောင်းသိရသည်။

သတင်း - အောင်ဝင်းငြိမ်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)