ရသေ့တောင်မြို့၌ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး




MNP - ဖေဖော်ဝါရီ    ၁၇

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ အသက်(၁၈)နှစ်အထက်ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆဋ္ဌမအသုတ် ဒုတိယအကြိမ်နှင့် ထပ်ဆောင်း Booster Dose အား ယမန်နေ့နံနက်ပိုင်းက သတ်မှတ်စုရပ်အသီးသီး၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက  ဆဋ္ဌမအသုတ် ဒုတိယအကြိမ် အသက်(၁၈)နှစ် အထက်ပြည်သူ(၃၂၉)ဦးနှင့် ထပ်ဆောင်း Booster Dose  နိုင်ငံ့ဝန်ထမ်း(၁၈)ဦး စုစုပေါင်း(၃၄၇)ဦးတို့အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - အောင်စံထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)