တောင်သူလယ်သမားနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန် ပြပွဲ/ပြိုင်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သူလယ်သမားနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန် ပြပွဲ/ပြိုင်ပွဲပြုလုပ်

 


MNP - ဖေဖော်ဝါရီ    ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မတ်လ(၂)ရက်နေ့တွင် ကျရောက်မည့် တောင်သူလယ် သမားနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်းမန် ပြပွဲ/ပြိုင်ပွဲ ကို ယနေ့ နံနက် (၁၀)နာရီအချိန်က ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်၊ အောင်သာယာရပ် တောင်သူ ဦးတင်ဝင်းနေအိမ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်က ပြပွဲ/ပြိုင်ပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြာပြီး ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးရုံးမှ စိုက်ပညာရှင်များက တောင်သူများသိသင့် သိထိုက်သည်များကို ဘာသာရပ်ဆိုင်ရာအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက်ပြပွဲ/ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား အသီးသီးဆုများချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာသူများမှ ခင်းကျင်းပြသထားသည့် သစ်သီးဝလံများအား လိုက်လံကြည့်ရှုခဲ့ကြ သည်။

အဆိုပါ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ/ပြိုင်ပွဲသို့ စစ်ဗျူဟာအခြေချ (ခန္တီး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သက်ထူးစံ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုအောင်နှင့် အဖွဲ့ဝင် များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများ၊ အောင်သာယာရပ်ရှိ တောင်သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)