နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကို တိုင်းပြည်က နှင်ထုတ်ပေးဖို့ ထိုင်းဘုရင် ထောက်ခံသူတွေ တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကို တိုင်းပြည်က နှင်ထုတ်ပေးဖို့ ထိုင်းဘုရင် ထောက်ခံသူတွေ တောင်းဆို



MNP ၊ ဖေဖော်ဝါရီ ၁၈

ထိုင်းဘုရင်ထောက်ခံသူအဖွဲ့တစ်ဖွဲ့က  ယမန်နေ့က ဘန်ကောက်မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာန ဆီသို့ ချီတက်ပြီး နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ကို တိုင်းပြည်မှ နှင်ထုတ်ပေးပါရန် အသနာခံစာတင်ပြီး  ဆန္ဒပြခဲ့ကြပါတယ်။


 ရှပ်ဝါအဖွဲ့ဝင် ၂၀၀ကျော်က အလုပ်သမားရေးရာဝန်ကြီးဌာန ၊ အမျိုးသားလုံခြုံရေး ဝန်ကြီးဌာန နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ ဆီကိုသွားကာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တိုင်းပြည်မှ နှင်ထုတ်ပေးရန်အတွက် အသနာခံစာများကို ပေးပို့ခဲ့ပါတယ်။ ပြည်သူ ၁. ၂ သန်း လက်မှတ်ရေးထိုးပြီး ထောက်ခံထားတဲ့ သူတို့ရဲ့ အသနားခံစာကို အဲ့ဒိဝန်ကြီဌာနတွေက လက်ခံခဲ့ပါတယ်။


ထိုင်းအမျိုးသားရေး အဖွဲ့အသီးသီးက လှုံ့ဆော်ရေးသမားတွေ ပါဝင်တဲ့ အဲ့ဒိလူအုပ်ကြီးက နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့က ထိုင်းနိုင်ငံရဲ့  ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက် နေတဲ့အတွက်ကြောင့် နှင်ထုတ်ပေးပါလို့ တောင်းဆိုကြတာပါ။


နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ က ထိုင်းနိုင်ငံ တရားရေးဌာနကို ပြစ်တင်ဝေဖန်မှုပြုခြင်း ၊ အခြေခံ ဥပဒေအရ ရေးဆွဲထားတဲ့ စည်းမျဉ်းခံဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရေးလုပ်လိုခြင်း တို့ကို လုပ်ဆောင် နေခြင်းက တိုင်းပြည်အတွင်းမှာ တရားမဝင် အလုပ်တွေလုပ်ဆောင်နေတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။


ထိုင်းနိုင်ငံဘုရင်စနစ်ကို ထိုင်းပြည်သူ အများစုက လက်ခံပြီး ထိုင်းဘုရင်မင်းဆက်က ထိုင်းနိုင်ငံမှာရှိတဲ့ တရားရေး ၊စစ်တပ် အရာရှိကြီးတွေလို အထက်တန်းလွှာတွေကို ထိန်းချုပ်ထားတယ်လို့ အများက သိကြပါတယ်။ ထိုင်းဘုရင်တွေက ထိုင်းနိုင်ငံရေးမှာ သီးခြားတာဝန်ယူထားတာမရှိပေမဲ့ နိုင်ငံရေးသမားတွေ ကြားမှာတော့ သြဇာအရှိဆုံးဖြစ်ပါတယ်။


“ ကျနော်တို့ကတော့ ဝန်ကြီးချုပ် ပရာယုအထိကို စာတင်မှာပါ။ အဲ့ဒိအဖွဲ့ကျနော်တို့တိုင်းပြည်မှာရှိနေတာ ရှုတ်နေသလိုပါပဲ၊ အဲ့ဒါကိုအရေးယူပေးဖို့အတွက် ကျနော်တို့ တိုက်တွန်းနေမှာပါ” လို့ အသက် ၆၀ အရွယ် ဆန္ဒပြသမားတစ်ဦးက ဆိုပါတယ်။


မောင်ယဿ

REF AP  Photo : AP

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)