နတ်မောက်မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်




MNP -  ဖေဖော်ဝါရီ   ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ  ကုးစက် ပျံ့နှံ့မှုကို ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မြို့နယ် အားကစားကွင်း၊ မိုးလုံလေလုံ အားကစားခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကုသ ရေးစင်တာဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ 

ထိုသို့ နတ်မောက်မြို့နယ် အတွင်းကိုဗစ်-၁၉ ရောဂါကုသရေးစင်တာဖွင့်လှစ်နိုင်ရေးစီစဉ် ဆောင်ရွက်နေမှုတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ များအနေဖြင့် လာရောက်ကုသမှုခံယူရာတွင် နေရာထိုင်ခင်း အဆင်ပြေစေရေး၊ လေကောင်းလေသန့်ရရှိစေရေး၊ ရေ၊ မီး၊ သန့်စင်ခန်းများ အထူးကောင်းမွန် စေရေး၊ သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်များအတွက် ကြိုတင် ပြင်ဆင်ခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်မီးသတ်တပ်ဖွဲ့ ၊မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်များမှ ပရဟိတလူငယ်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - သင်းသင်းမြတ်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)