ဖျာပုံခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၅၉)ကျောင်းသို့ ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၅၉)ကျောင်းသို့ ထောက်ပံ့ငွေများပေးအပ်




MNP - ဖေဖော်ဝါရီ    ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်(၆)လ ဘတ်ဂျက်ကာလ ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၅၉)ကျောင်းမှ ဆရာမလစာငွေများနှင့် သင်ထောက်ကူပစ္စည်းအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် ဖျာပုံခရိုင်လူမှုဝန်းထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမိုးက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းပေါင်း(၅၉)ကျောင်းအတွက် ၂၀၂၁-၂၀၂၂ ခုနှစ်(၆)လဘတ်ဂျက်ကာလ အတွင်း(ဒီဇင်ဘာလမှမက်လအထိ)(၄)လစာ ထောက်ပံ့ငွေ တစ်ကျောင်းလျှင်ငွေကျပ် (၃၂၀၀၀၀)နှုန်းနှင့် သင်ထောက်ကူပစ္စည်း ဝယ်ယူရန်အတွက်တစ်ကျောင်းလျှင် ငွေကျပ် (၅၀၀၀၀)နှုန်းဖြင့် ကျောင်းပေါင်း(၅၉)ကျောင်းအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် သိန်းပေါင်း(၂၁၈၃၀၀၀၀)အား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကျော်က ပေးအပ်ရာ၊ ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကိုယ်စား၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဒေါ်ညိမ်း မူလတန်းကြိုကျောင်းမှ ဆရာမကြီး ဒေါ်ကြူကြူသင်း ကလက်ခံရယူပြီး၊ ကျောင်းအလိုက်သက်ဆိုင်ရာ တာဝန်ရှိသူများကို ထောက်ပံ့ငွေများ ပေးအပ်ရာ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှ ဆရာမများက လက်ခံရယူကြသည်။ ထို့နောက်ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကိုယ်စား ဆရာမတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

သတင်း - အောင်ဝင်းနိုင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)