MNP ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ်၊ ဂွမြို့ တိုင်ကျိုးကျေးရွာတွင် ယနေ့ နံနက်၂နာရီခွဲ အချိန်ခန့်က ဖယောင်းတိုင်မီး မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တိုင်ကျိုးကျေးရွာရှိ ဈေးဆိုင်တစ်ဆိုင်တွင် ပလတ်စတစ်ပစ္စည်းများနှင့် ဆား/ငါးပိများ ထားသည့် ပျဉ်ထောင်ပျဉ်ခင်း သွပ်မိုး စတိုခန်းအတွင်းတွင် ဖယောင်းတိုင်မီးထွန်းထားပြီး ဖယောင်းတိုင်မီးကို မငြှိမ်းသတ်ဘဲ ထားရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ပွားရာသို့ ဂွမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ကျိန္တလီမြို့ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၃)စီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် သွပ်မိုးနှစ်ထပ် တိုက်အိမ်(၁)လုံးနှင့် ဂိုဒေါင်(၁)လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ လူနှင့် တိရစ္ဆန်များ ထိခိုက်မှု မရှိကြောင်း၊ မီးပေါ့ဆစွာ အသုံးပြုသူအား အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment