ဆီဆိုင်မြို့တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

 




MNP - ဖေဖော်ဝါရီ     ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်တွင် ယနေ့နံနက် ၃ နာရီ ၅၀ မိနစ်အချိန်ခန့် က ဆေးလိပ်မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများ မြို့နယ်မီးသတ်ဦးစီးမှူး ဦးခွန်အောင်နိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊  မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီးနှင့် ရပ်ကွက်သူ/သားများမှ ပူးပေါင်း၍ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း၊  မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူအား အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)