ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) ကျင်းပ

 


MNP - ဖေဖော်ဝါရီ    ၂၅

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၂)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂)ကို ယနေ့နံနက်(၁၀) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲ့မှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီမှ ခွင့်ပြုပေးနိုင်သည့် ကိစ္စရပ်များကိုလည်း အမြန်ဆုံးဖြတ်ပြီး ပြည်နယ် အစိုးရအဖွဲ့၏ သဘောတူညီချက်နှင့် ခွင့်ပြုပေးသလို ဆက်လက်တင်ပြရမည့် ကိစ္စရပ်များကိုလည်း အမြန်ဆုံး ဆက်လက်တင်ပြ ဆောင်ရွက်နေသည့်အကြောင်း အသိပေးပြောကြားလိုပါကြောင်း၊ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်၍ မရသည့် မြေများအပေါ် အခြားနည်းအသုံးပြုရန် လျှောက်ထားဆောင်ရွက်သွားရန် လိုအပ်ပြီး ပြည်နယ်အတွင်းမှာရှိသည့် မြေလွတ်၊ မြေရိုင်းများကိုလည်း အမှန်တကယ် အကောင်အထည် ဖော်လိုသည့် လုပ်ငန်းအပေါ်မူတည်ပြီး လျှောက်ထားလာပါက အမြန်ဆုံးစိစစ် ထောက်ခံ တင်ပြခြင်း၊ ခွင့်ပြုပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ အစည်းအဝေး ဆုံးဖြတ်ချက်များကို ရှမ်းပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဝင်းက လယ်ယာမြေစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂) ဆုံးဖြတ်ချက်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂) ဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြုပြီး ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၂) တင်ပြချက်များအား ဆွေးနွေး ဆုံးဖြတ်ကာ မြေယာအယူခံ အမှုတွဲများ ဆွေးနွေးဆုံးဖြတ်ပြီး ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်၍ အထွေထွေဆွေးနွေးကြကာ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲ့မှု အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

သတင်း - မောင်မောင်သန်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)