ပြည်ထောင်ဝန်ကြီးဦးကိုကိုလှိုင်ဦးဆောင်သော မြန်မာ့ကိုယ်စာလှယ်အဖွဲ့ မှ တိကျမှန်ကန်ပြတ်သားရှင်းလင်းသော ဥပဒေစီရင်ထုံးများဖြင့် ဖြေရှင်းချေပဆောင်ရွက်မှုများအား မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ နိုင်ငံတော်၏ကောင်းကျိုးများကိုလိုလားသော ရဟန်းရှင်လူပြည်သူများနှင့်ထပ်တူ ဂုဏ်ယူအားပေးထောက်ခံ ကြိုဆိုကြောင်း သဘောထားထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်ဝန်ကြီးဦးကိုကိုလှိုင်ဦးဆောင်သော မြန်မာ့ကိုယ်စာလှယ်အဖွဲ့ မှ တိကျမှန်ကန်ပြတ်သားရှင်းလင်းသော ဥပဒေစီရင်ထုံးများဖြင့် ဖြေရှင်းချေပဆောင်ရွက်မှုများအား မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ နိုင်ငံတော်၏ကောင်းကျိုးများကိုလိုလားသော ရဟန်းရှင်လူပြည်သူများနှင့်ထပ်တူ ဂုဏ်ယူအားပေးထောက်ခံ ကြိုဆိုကြောင်း သဘောထားထုတ်ပြန်




MNP ၊ ဖေဖော်ဝါရီ ၂၅

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက "အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)နှင့်ပက်သက်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ( ရန်ကုန်)၏သဘောထားထုတ်ပြန်ကြေညာချက်" ကို ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။


ထုတ်ပြန်ချက်တွင် "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ကချင်၊ ကယားစသည့်တိုင်းရင်းသား(၁၃၅)မျိုးတို့သည်

မိမိ၏ ယဉ်ကျေးမှူ ဓလေ့ထုံးတမ်းစဉ်လာများနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်သော ပြည်ထောင်စုတိုင်းရင်သားများဖြစ်ကြသည်။ ဘဂ်လားဒေ့ရ်ှနိုင်ငံမှ တရားမဝင်ခိုးဝင်လာသော ဘဂ်ါလီအကြမ်းဖက်မွတ်စလင်များမှ ရခိုင်ပြည်နယ်ရှိ ရဲစခန်း(၃၀)ကျော်နှင့် ဌာနေတိုင်းရင်းသားများ ဟိန္ဒူဘာသာဝင်များ၏  အသက်အိုးအိမ်စည်းစိမ်တို့ကိုအကြမ်းဖက်သတ်ဖြတ်မီးရှို့ဖျက်စီးကာ ထွက်ပြေးတိမ်းရှောင်ပြီး အစ္စလာမ်းမစ်နိုင်ငံများစုပေါင်းဖွဲ့စည်းထားသည့်(OIC)အဖွဲ့အစည်း၏ ကြိုတင်စီမံထားသည့်အတိုင်း(OIC)အဖွဲ့ဝင်ဖြစ်သော  ဂမ်ဘီယာနိုင်ငံမှမြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့် ရဟန်းရှင်လူပြည်သူများကို အကြမ်းဖက်သတ်ဖြတ် မီးရှို့ခဲ့သော ခိုးဝင်ဘင်္ဂ်ါလီမွတ်စလင်များနှင့် အလိုတူအလိုပါ ပြုလုပ်ကြံစည်ကာ နယ်သာလန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ Genocideဖြင့် တရားစွဲဆိုခြင်းနှင့်

ဥပဒေမဲ့ မမှန်မကန်လုပ်ကြံ တရားစွဲဆိုထားသည့် အမှုအားလက်ခံခဲ့သည်။ ထိုသို့ မမှန်မကန် လုပ်ကြံလီဆယ်ကာ စွဲချက်တင်လာသော အမူအား သေချာရေရာအောင် လေ့လာဆန်းစစ်ခြင်းမရှိပဲ လက်ခံတရားစွဲဆိုနေသော အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) အား မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်

ချကြောင်း၊ နယ်သာလန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)သည် လူသတ်အကြမ်းဖက် ခိုဝင်ဘဂ်ါလီများ၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ရဲစခန်း(၃၀)ကျော်တို့အား အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်နယ်မြေလုခြင်း ရခိုင်ပြည်နယ်ရှိ နိုင်ငံဝန်ထမ်းများ ဌာနေတိုင်းရင်းသားရခိုင်မျိုးနွယ်စုများ ဟိန္ဒူဘာသာဝင်များအား အစုလိုက်အပြုံလိုက် လူမျိုးတုန်းသတ်ဖြတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသော ခိုးဝင်ဘဂ်ါလီအကြမ်းဖက်သမားများနှင့် ကြိုးကိုင်ခြယ်လှယ်သည့် ဂမ်ဘီယာနိုင်ငံအပါအဝင်ဖြစ်သော(OIC)အဖွဲ့ဝင်နိုင်ငံများကိုသာ Genocide လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှအရေးယူပြီး ကမ္ဘာနိုင်ငံများမှ လေးစားအားကျရသော 

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၏ ဂုဏ်ပုဒ်နှင့်အညီ မြန်မာနိုင်ငံအပေါ် မဟုတ်မမှန်လုပ်ကြံစွပ်စွဲ ထားသောအမှုအား အမြန်ဆုံး ပြန်လည်ရုတ်သိမ်းပေးရန် တိုက်တွန်းတောင်းဆိုလိုက်ကြောင်း ဖော်ပြပါရှိသည်။


အဆိုပါအမှုကိစ္စအတွက် ဖြေရှင်းဆောင်ရွက်နေကြသော ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦး တို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ဆောင်ရွက်ချက်နှင့် ပတ်သက်၍ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအပေါ် နယ်သာလန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် တရားစွဲဆိုသော ဘမ်ဘီယာနိုင်ငံသည် (OIC)အဖွဲ့၏ ကြိုးကိုင် စေခိုင်းမှုဖြင့် အငှားဗိုက်နှင့် ဓားထိုးခံသော ပွဲစားနိုင်ငံသာဖြစ်ကြောင်း၊ ခိုးဝင်ဘဂ်ါလီများသည် လူမျိုးတုန်းအကြမ်းဖက်သတ်ဖြတ်မှုကို ကိုယ်တိုင်ကျူးလွန်၍ (OIC)အဖွဲ့၏ ထိန်းချုပ်ချယ်လှယ်ခံရပြီး သူခိုးက လူပြန်ဟစ်နေသောနယ်ရုပ်မျှသာဖြစ်သည်။အစ္စလာမ်မစ်နိုင်ငံများဖွဲ့စည်းထားသော (OIC)နိုင်ငံများသည် လူ့အခွင့်အရေးစံနှုန်းများကို ကိုယ်တိုင်ချိုးဖျက်၍ လူမျိုးတုန်းသတ်ဖြတ်မှုများ ကိုယ်တိုင်ကျူးလွန်အားပေးထောက်ခံနေသော ခေတ်သစ်အစွန်းရောက် ဘာသာရေး လူမျိုးရေးနယ်ချဲ့များသာဖြစ်ကြောင်း၊ ထိုအကြမ်းဖက်အဖွဲ့အစည်းများမှ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် မဟုတ်မမှန်တရားစွဲဆိုထားသောအမှုအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ အချုပ်ခြာအာဏာနှင့် အမျိုးသားအကျိုးစီပွားကို အစဉ်စောင့်သိရိုသေကြသော ပြည်ထောင်ဝန်ကြီးဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုရှေ့နေ့ချုပ်ဒေါက်တာဒေါ်သီတာဦးတို့ဦးဆောင်သောမြန်မာ့ကိုယ်စာလှယ်အဖွဲ့ မှ တိကျမှန်ကန်ပြတ်သားရှင်းလင်းသော ဥပဒေစီရင်ထုံးများဖြင့် ဖြေရှင်းချေပဆောင်ရွက်မှုများအား မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ နိုင်ငံတော်၏ကောင်းကျိုးများကိုလိုလားသော ရဟန်းရှင်လူပြည်သူများနှင့်ထပ်တူ ဂုဏ်ယူအားပေးထောက်ခံ ကြိုဆိုကြောင်း သဘောထားထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)