ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် ကော်မတီအဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီအချိန်မှ စတင်၍ ကိုဗစ်-၁၉ စတုတ္ထလှိုင်းရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာများ ထားရှိနိုင်ရေးအတွက် မြို့နယ် ပြည်သူ့ဆေးရုံတွင် ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကိုဗစ်-၁၉ စတုတ္ထလှိုင်းရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက် မြို့နယ် ပြည်သူ့ဆေးရုံတွင် သီးသန့်ခန်းများ ပြင်ဆင်ထားရှိမှုအပေါ် ကြည့်ရှုစစ်ဆေးခြင်းနှင့် အောက်ဆီဂျင်စက်ရုံ လည်ပတ် ထုတ်လုပ်မှု အခြေအနေအားစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအပေါ် မြို့နယ်ဆရာဝန်ကြီးနှင့် တိုင်ပင်ဆွေးနွေး ခဲ့ကြသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများကိုလည်း စဉ်ဆက်မပြတ် အသိပေးနှိုးဆော် ထားကြောင်း သိရသည်။
သတင်း - မိုးမိတ်သား
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment