ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် ပထမအကြိမ် စတင်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် ပထမအကြိမ် စတင်ထိုးနှံ






MNP - ဖေဖော်ဝါရီ     ၁၉

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) သတ္တမအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ် ဟင်းခရော်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန စုရပ်တွင် ယမန်နေ့နံနက်(၉) နာရီက စတင်ထိုးနှံပေးသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် စနစ်တကျထိုးနှံနိုင်စေရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးလက်စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ်မှုဖြင့်  မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးကို ကျန်းမာရေး ဝန်ကြီးဌာန၏သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းတို့ကိုပြုလုပ်ဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။ ယနေ့တွင် ပေါက်တောမြို့နယ် ဟင်းခရော် ကျေးရွာ၌ ကိုဗစ်-ဦး (၂၃၀)ဦးလာရောက်ထိုးနှံခဲ့ကြကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)