ချင်းရွှေဟော်မြို့တွင် လူထုအခြေပြုဗဟိုဌာန၊ ကိုးကန့်ရိုးရာယဉ်ကျေးမှုသမိုင်းပြတိုက်နှင့် ဘက်စုံသုံးခန်းမ ဆောက်လုပ်ရန်အတွက် ပန္နက်တင် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းရွှေဟော်မြို့တွင် လူထုအခြေပြုဗဟိုဌာန၊ ကိုးကန့်ရိုးရာယဉ်ကျေးမှုသမိုင်းပြတိုက်နှင့် ဘက်စုံသုံးခန်းမ ဆောက်လုပ်ရန်အတွက် ပန္နက်တင် အခမ်းအနားကျင်းပ

 



MNP - ဖေဖော်ဝါရီ    ၄

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ကိုးကန့်တိုင်းရင်းသားများ အနေဖြင့် မိမိတို့ တိုင်းရင်းသား မျိုးနွယ်စု၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ကိုးကန့်တိုင်းရင်းသား မျိုးနွယ်စု ရိုးရာယဉ်ကျေးမှုများ မပျောက်ပျက်အောင် ကိုးကန့် စော်ဘွားများ၏ သမိုင်းအစဉ်အလာကြီးမားစွာ ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့မှုများအား ရေးထိုးဖော်ထုတ်နိုင်စေရန်၊ ကိုးကန့်တိုင်းရင်းသားများအပြင် အခြားတိုင်းရင်းသား မျိုးနွယ်စုများ အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ သင်တန်းများ တက်ရောက်နိုင်စေရန်၊ နည်းပညာများ လေ့လာနိုင်စေရန်၊ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လေ့ကျင့် ပညာပေးရေး လုပ်ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို  ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးတို့အတွက် အလှူရှင် ဦးသက်ဦးပိုင် (ခေါ်) ဦးလီကြားရှိုးမှ အလျား(၃၀)ပေ၊ အနံ(၅၆)ပေ၊ အမြင့်(၁၂)ပေ  ကျယ်ဝန်းသည့် ချင်းရွှေဟော်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးဝန်းအတွင်း လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ကိုးကန့်ရိုးရာယဉ်ကျေးမှု သမိုင်းပြတိုက်နှင့် ဘက်စုံသုံးခန်းမ ဆောက်လုပ်ရန်အတွက် လှူဒါန်းခဲ့ရာ အဆိုပါ အဆောက်အဦ ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားအား ဖေဖော်ဝါရီလ(၂)ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးမှ ပြည်နယ် ဦးစီးမှူး ဦးစိုးညွန့်ရွှေ၊ အလှူရှင် ဦးသက်ဦးပိုင် (ခေါ်) ဦးလီကြားရှိုးနှင့် ဌာနဆိုင်ရာများ မြို့မိမြို့ဖများက ဓလေ့ထုံးစံများနှင့်အညီ ပန္နက်ရိုက်ခဲ့ပြီး အမွှေးနံ့သာများဖြင့် ပက်ဖျန်းခဲ့သည်။

ထို့နောက် ချင်းရွှေဟော်မြို့ရုံး ဦးစီးမှူး ဦးစည်သူမောင်မောင် က အဆောက်အဦ ဆောက်လုပ်မည့် အခန်းဖွဲ့စည်းပုံများ၊ ကိုးကန့်စော်ဘွားရုပ်ထုထားရှိမည့်နေရာများ၊ ပြတိုက်ငယ် အခန်းထားရှိမည့် နေရာများ၊ ကျောက်စာတိုင်ရေးထိုးမည့် နေရာများ၊ ကလေး ကစားကွင်း ဖောက်လုပ်မည့်နေရာများ၊ ပန်းဥယျာဉ်နှင့် အများပြည်သူ ဝန်ဆောင်မှုပေးမည့် နေရာများ လျာထားဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - စည်သူမောင်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)