မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက်




MNP - ဖေဖော်ဝါရီ     ၁၉

၂၀၂၂ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့ ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ရပ်မိ ရပ်ဖများ၊ လူငယ်မောင်မယ်များ၊ အားကစားဝါသနာရှင်များနှင့် မျိုးဆက်သစ် လူငယ် အားကစားသမားများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲဝင် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးကာ တံခွန် စိုက်ဆုရရှိသော သရက်မြို့နယ်အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် က တံခွန်စိုက်ဆုဖလား  ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်မှု အဆင့်အတန်း မြင့်မားလာစေရန် အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာစေဖို့၊ ဗလငါးတန် ဖွံ့ဖြိုးသောမျိုးဆက်သစ်လူငယ်များ ထွက်ပေါ် လာစေရန်နှင့် မျိုးဆက်သစ် လူငယ်ရွက်ပုန်းသီး အားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်ကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစတင်၍ ၁၈ ရက်နေ့ထိ (၃) ရက်တာ ကျင်းပ ဆောင်ရွက်ကာ ယမန်နေ့ညနေပိုင်းက လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါ လက်ဝှေ့ပြိုင်ပွဲ အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များတွင် ပထမဆုများအဖြစ်(၄၅)ကီလိုတန်းတွင် တောင်တွင်းကြီးမြို့နယ်မှ နှင်းနုနုဝေ၊(၄၈)ကီလိုတန်းတွင် သရက်မြို့နယ်မှ မိုးဆန်းထွေး၊ (၅၁) ကီလိုတန်းတွင် ပွင့်ဖြူမြို့နယ်မှ ပန်းအိခိုင်၊ (၅၁)ကီလိုတန်းတွင် ဆင်ပေါင်ဝဲမြို့နယ်မှ အိဇင် သော်တို့က အသီးသီးရရှိခဲ့ကြပြီး၊ အမျိုးသားလက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များတွင် ပထမဆုကို (၄၆) ကီလိုတန်းတွင် မကွေးမြို့နယ်မှ အောင်ဆု၊ (၄၉)ကီလိုတန်းတွင် ရေနံချောင်းမြို့နယ်မှ ဇေယျာမင်းသော်တာ၊ (၅၂)ကီလိုတန်း တွင် မြိုင်မြို့နယ်မှ နိုင်ထက်ဦး၊ (၅၆)ကီလိုတန်းတွင် သရက်မြို့နယ်မှ အေးချမ်းမင်း၊ (၆၀)ကီလိုတန်း တွင် မကွေးမြို့နယ်မှ မျိုးချစ်မောင် (၆၄)ကီလို တန်းတွင် ထီးလင်းမြို့နယ်မှ ရဲရင့်ထွန်း၊ (၆၉) ကီလိုတန်းတွင် တောင်တွင်းကြီးမြို့နယ်မှ သီဟဇော်၊ (၇၅)ကီလိုတန်းတွင် လှိုင်ဝင်းအောင်တို့ အသီးသီးရရှိကာ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့နာယကနှင့် အဖွဲ့ဝင်များက ဆုကလပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ခဲ့ ကြသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့ ပြိုင်ပွဲ အကြီးတန်း(၈၁)ကီလိုတန်း တွင် ပထမဆုရရှိသော သရက်မြို့နယ်မှ ရဲကိုကို၊ ဒုတိယဆု ရရှိသော မကွေးမြို့နယ်မှ သန်းတိုးအောင်နှင့်  အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိသော သရက်မြို့နယ်အသင်းတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဆုကလပ်၊ ငွေသားဆုများနှင့် တံခွန်စိုက်ဆုဖလားအား အသီးသီး ချီးမြှင့်ပေး အပ်ခဲ့ကြောင်း သိရသည်။

သတင်း  - မောင်ညီညာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)