နေပြည်တော် ဖေဖော်ဝါရီ ၁၇
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ဖေဖော်ဝါရီ (၁၅)ရက်၊ မွန်းလွဲ ၁ နာရီတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးဇော်ဇော်နိုင်၊ ဦးအောင်ဇော်ဝင်း၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်တင်နှင့် တာဝန်ရှိသူများကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေဖြင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍတို့တွင် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြစေလိုပါကြောင်း ထည့်သွင်းပြောကြားသွားသည်။
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့်ဘာသာပေါင်းစုံ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်မှု ပြုထားပါကြောင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေဖြင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍတို့တွင် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြစေလို ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ စည်ကားသိုက်မြိုက်စေရေး အတွက်လည်း ပံ့ပိုးကူညီစေလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး၊ တိုင်းပြည်အေးချမ်း သာယာရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာပေါ်ရှိ ဘာသာတရား အားလုံး၏ အခြေခံသည် မေတ္တာတရား ဖြစ်ပါကြောင်း၊ မေတ္တာတရားမှတဆင့် ငြိမ်းချမ်းရေးရရှိပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း၊ လိုအပ်ချက်များ ရှိပါကလည်း အချိန်မရွေးတင်ပြနိုင်ပြီး ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက နိုင်ငံသားများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ ပညာရည် မြင့်မားတိုးတက်ရေး၊ ငြိမ်းချမ်းရေးတွင် အစိုးရမဟုတ်သော အဖွဲ့အစည်း များမှတဆင့် ညှိနှိုင်းဆောင်ရွက်နိုင် ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး နိုင်ငံတော် ငြိမ်းချမ်းသာယာရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment