လူထုအခြေပြုခရီးသွားလုပ်ငန်းသစ်များ ဖော်ထုတ်ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူထုအခြေပြုခရီးသွားလုပ်ငန်းသစ်များ ဖော်ထုတ်ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းလျက်ရှိ


MNP ၊ ဖေဖော်ဝါရီ  ၂၃

ပဲခူးတိုင်းဒေသကြီး အနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး သဘာဝအခြေခံခရီးသွား လုပ်ငန်းများ၊ ဒေသအခြေပြု ခရီးသွားလုပ်ငန်းနှင့် လူထုအခြေပြုခရီးသွား လုပ်ငန်းသစ်များ ဖော်ထုတ်ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း တိုင်းဒေသကြီး ဒေသဆိုင်ရာခရီး သွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။

ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေး ခန်းမ၌ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်း  အစည်းအဝေး(၁/၂၀၂)တွင်ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာခြင်းနှင့်အတူ ဟိုတယ်လုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊ သယ်ယူပို့ဆောင် ရေးလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများလည်း တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များနှင့်  ဟိုတယ်ဝန်ဆောင်မှုဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး စစ်ဆေးဆောင်ရွက်သွားရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာလအလွန် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ခရီးစဉ်ဒေသများ သန့်ရှင်းသာယာ သပ်ရပ်စေရေးတို့ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရန် ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး က တည်းခိုရိပ်သာ ခုနစ်ခု သက်တမ်းတိုးခြင်းနှင့် ဟိုတယ်လုပ်ငန်းသို့ အဆင့်မြှင့်တင်ခြင်း  တစ်ခုကို ရှင်းလင်းတင်ပြရာ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များက အကြံပြုဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က ဥပဒေနှင့်အညီ ဆုံးဖြတ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)