ဝိုင်းမော်မြို့နယ် သံဃာ့နာယကအဖွဲ့အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်တင်မြောက်ခြင်း အခမ်းအနား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝိုင်းမော်မြို့နယ် သံဃာ့နာယကအဖွဲ့အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်တင်မြောက်ခြင်း အခမ်းအနား



MNP - ဖေဖော်ဝါရီ    ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် သံဃနာယကအဖွဲ့အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာချိန်တွင် မိုင်းနားကျေးရွာ၊ ဓမ္မရက္ခိတကျောင်းတိုက်တွင် ကျင်းပသည်။

အဆိုပါ အခမ်းအနားကျင်းပပြုလုပ်ရာတွင် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျောင်း တိုက်အသီးသီးမှ မြို့နယ် သံဃာ့ဆရာတော် (၅၂) ပါး၊ ပြည်နယ်သာသနာရေးမှူး ဦးယဉ်မောင်ထွေးနှင့် ဝန်ထမ်းများ၊ ခရိုင်သာသနာရေးမှူး ဦးရင်မောင်ထွန်း၊ ဝိုင်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်မင်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူပုဂ္ဂိုလ် (၃၀)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို ‘နမောတဿ’ (၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ အခမ်းအနားမှူးဆရာတော် ဘဒ္ဒန္တကေတုမာလာ(အကျိူးတော်ဆောင်၊ ပြည်နယ်သံဃနာယကအဖွဲ့၊ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၊ မြစ်ကြီးနားမြို့)မှ မြို့နယ် သံဃာနာယကအဖွဲ့မှ အနားယူသွားသော ဆရာတော်ဘွဲ့အမည်စာရင်းများကိုကြေငြာခြင်း၊ သဘာပတိအဖြစ် ဆောင်ရွက်သော ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ (ဥက္ကဋ္ဌ၊ ပြည်နယ် နာယကအဖွဲ့)မှ အစားထိုးပြန်လည် ရွေးချယ်ခံရသည့် မြို့နယ် သံဃာနာယက အဖွဲ့ဥက္ကဋ္ဌအဖြစ် ဦးကေသရာစာရ (လွယ်ဂျော်ကျောင်းတိုက်မှ လွယ်ဂျော်ကျေးရွာ) လည်းကောင်း၊ အကျိုးတော် ဆောင်အဖြစ် ဦးသူရိယ (မြတ်ပန်းထိုက်ကျောင်းတိုက်၊ အမှတ်-၂ ရပ်ကွက်၊ ဝိုင်းမော်မြို့) လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် ဦးသူမနိန္ဒြိယ (ဗောဓိမဏ္ဍိုင်ကျောင်းတိုက်၊ ခတ်ချို ကျေးရွာ)၊ ဦးဝေပုလ္လ (အောင်ချမ်းသာကျောင်းတိုက်၊ အမှတ်-၃ ရပ်ကွက်၊ ဝိုင်းမော်မြို့)၊ ဦးအဂ္ဂဝံသ (မတားကိုး မိုင်ကျောင်း တိုက်၊ အောင်မြေ-၂ ကျေးရွာ)တို့ကို ရွေးချယ်တင်မြောက်ခဲ့ပြီး၊ သဘာပတိ ဆရာတော်မှ နိဂုံးချုပ် ဩဝါဒကထာမြွက်ကြားကာ “ ဗုဒ္ဓသာသနံ စိရံ တိဌတု ” (၃) ကြိမ်ရွတ်ဆိုပြီး အခမ်းအနာ းပြီးမြောက်ကြောင်း ကြေငြာပြီး ကြွရောက်လာကြသော ဆရာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)