MNP - ဖေဖော်ဝါရီ ၁၆
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၇၅)နှစ်မြောက် မွန်အမျိုးသားနေ့အလံတင် အခမ်းအနားကို ယနေ့နံနက်၅နာရီက ကျိုက်မရောမြို့ဆုတောင်းပြည့်ဘုရားကြီးအတွင်းရှိ မွန်အမျိုးသားနေ့ကျင်းပရာ မဏ္ဍပ်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မွန်တိုင်းရင်းသားများကမွန်လူမျိူးတို့၏ အမျိုးသားအလံကိုလွှင့်ထူကာ စုပေါင်းအလေးပြုခဲ့ကြသည်။ ထို့နောက်ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် နိုင်ငံတော်သံဃာ့ဝန်ဆောင် သဒ္ဓမဇောတိကဓဇအဂမဟာပဏ္ဍိတ ဘဒ္ဓန္တဝါရီန္ဒ ကြီးမှူး၍ တပည့်ဒါယကာ၊ ဒါယိကာမများစုပေါင်း၍ ဆရာတော်သံဃာတော်များအား နံနက်အာရုဏ်ဆွမ်းဆက်ကမ်းလှူဒါန်းကာရေစက်သွန်းချအမျှဝေခဲ့ကြသည်။ဆက်လက်၍နံနက်၇နာရီတွင်(၇၅)ကြိမ်မြောက် မွန်အမျိုးသားနေ့ သဝဏ်လွှာအား မွန်တိုင်းရင်းသားတစ်ဦးက မြန်မာဘာသာ(မွန်ဘာသာ)တို့ဖြင့် ဖတ်ကြားခဲ့ပြီး မွန်အမျိုးသားနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ၊ မွန်တိုင်းရင်းသားရိုးရာအကများဖြင့် ဧည့်ခံဖျော်ဖြေပြီး မွန်ရိုးရာအစားအစာမုန့်များကို စတုဒီတာကျွေးမွေးခဲကြရာ မွန်လူမျိုးများနှင့် ဒေသခံများစည်ကားသိုက်မြိုက်စွာ လာရောက်ဆင်နွဲလျက်ရှိကြောင်း သိရသည်။
သတင်း - ချိုမြတ်မြတ်ထွေး
No comments:
Post a Comment