မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း သထုံမြို့မဈေး ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲများ ဈေးသူဈေးသားများနှင့်တွေ့ဆုံ၊ စိုက်ပျိုးရေးသိပ္ပံ(သထုံ) သင်တန်းကျောင်းဖွင့်လှစ် ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း သထုံမြို့မဈေး ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲများ ဈေးသူဈေးသားများနှင့်တွေ့ဆုံ၊ စိုက်ပျိုးရေးသိပ္ပံ(သထုံ) သင်တန်းကျောင်းဖွင့်လှစ် ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

 


MNP - ဖေဖော်ဝါရီ    ၂၄

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ လုံခြုံ‌ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်နိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းက သထုံ မြို့မဈေး ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ဈေးသူ၊ ဈေးသားများ နှင့် တွေ့ဆုံပြီး မြေနီကုန်း ကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံ (သထုံ) လေ့ကျင့်ရေး သင်တန်းကျောင်း သင်တန်းဖွင့်လှစ် ဆောင်ရွက်ထားရှိမှုအား ကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ သထုံမြို့မဈေးအတွင်းရှိ ဆိုင်ခန်းပိုင်ရှင် ဈေးသူဈေးသားများနှင့်တွေ့ဆုံရာ ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မြို့နယ်များအလိုက် သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး၊ အမှိုက်သိမ်းမှုစနစ်များကောင်းမွန်ရေး ဈေးများလုံခြုံမှု ရှိရေးတာဝန်ရှိသူများက ကြပ်မတ် ဆောင်ရွက်ရန်၊ ပြည်သူများကလည်း အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန်၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာ၌ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် စနစ်တကျဆောင်ရွက်ကြရန်နှင့် လိုအပ်သည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အမှာစကားပြောကြားပြီး ဈေးသူဈေးသားများ၊ ဈေးကော်မတီဝင်များနှင့် တာဝန်ရှိသူတို့၏ တင်ပြလာမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ မြို့မဈေးသို့ သွားရောက်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အကြမ်းဖက်‌သမားများ၏ ဖောက်ခွဲမှု ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဈေးခေါင်းရုံးနှင့် ဈေးဆိုင်ခန်း များအား ရှင်းလင်းနေမှု၊ ဈေးဆိုင်ခန်းအသစ် ဆောက်လုပ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကာ အမြန်ဆုံး ပြန်လည်တည်ဆောက်ပြီးစီးရေး၊ စနစ်တကျ ပြန်လည်နေရာချထားရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံ (သထုံ) ကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်း ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ဆရာမကြီး  ဒေါ်မို့မို့ထွေးက ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က တင်ပြမှုများနှင့်ပတ်သတ်၍ လိုအပ်သည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)