စဉ့်ကိုင်မြို့နယ် ကျွန်းဦးကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့တွင် သတ္တမအကြိမ် မြစိမ်းရောင်စီမံကိန်းချေးငွေများ ပြန်လည်ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ် ကျွန်းဦးကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့တွင် သတ္တမအကြိမ် မြစိမ်းရောင်စီမံကိန်းချေးငွေများ ပြန်လည်ထုတ်ချေး


MNP - ဖေဖော်ဝါရီ    ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုး  တိုးတက်လာစေရန်နှင့် မြို့ပြနှင့် ကျေးလက်ကွာဟမှု လျော့နည်းလာစေရေးအတွက် ရည်ရွယ်ပြီး   ယမန်နေ့မွန်းလွဲ(၁) နာရီက  ကျွန်းဦးကျေးရွာနှင့်  ညောင်ပင်သာကျေးရွာတို့တွင်   အသင်းသား/ အသင်းသူများအား (သတ္တမ) အကြိမ်မြောက်  ချေးငွေကျပ် (၉၅၅၄၀၀၀ဝိ/-) ကျပ်  ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာ   စီမံကိန်းချေးငွေများ    ထုတ်ချေးပေးရာတွင်   ကျေးလက်ဒေသဖွံ့ဖြိုး    တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးအေးမင်းနိုင်က  မြစိမ်းရောငကျေးရွာ  စီမံကိန်း ချေးငွေများ (သတ္တမ)အကြိမ် ထုတ်ချေးပေးရခြင်းကို ရှင်းလင်းပြောကြားခဲ့ပြီး   ဦးစီးအရာရှိ ဒေါ်တင်မြင့်ခိုင်နှင့်    ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျေးရွာပြည်သူများအား ထုတ်ချေးပေးခဲ့သည်။

စဉ့်ကိုင်မြို့နယ်တွင်၂ ၀၁၅-၂၀၁၆  ခုနှစ် ဘာရေးနှစ်တွင်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး   ဦးစီးဌာန အနေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး  စီမံကိန်းဖြစ်သည့်     ကျေးရွာများတွင်   ကွန်ကရစ် လမ်း အဆင့်မြင့်တင်ခြင်း၊ ကျေးလက်ကုန်ထုတ်လမ်းများ   ဖောက်လုပ်ခြင်းစသည့်    ကျေးလက် ဖွံ့ဖြိုး   တိုးတက်ရေးလုပ်ငန်းများ    အကောင်အထည်ဖော်  ဆောင်ရွက်လျှက်ရှိရာ  ကျွန်းဦး ကျေးရွာ   မြစိမ်းရောင်စီမံကိန်း အသင်းသား / အသင်းသူများအတွက် စိုက်ပျိုးရေး လုပ်ငန်း    လုပ်ကိုင်သူ (၁၀၈)ဦးအား   ရန်ပုံငွေကျပ်   (၄၆၆၅၀၀၀၀)အား  လည်းကောင်း၊ ညောင်ပင်သာ   ကျေးရွာတွင် အသင်းသား /အသင်းသူ (၉၉)ဦးအား (၄၈၈၉၀၀၀၀) အား နေ့ချင်းဆပ်/ နေ့ချင်းထုတ်   ချေးစနစ်ဖြင့် စုစုပေါင်း အသင်းသား  / အသင်းသူ   (၁၁၇)ဦး အတွက် ငွေကျပ်(  ၉၅၅၄၀၀၀၀) ကျပ်ကို သတ္တမအကြိမ်   ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သတင်း - ညိုညိုဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)