ကျောက်ဆည်မြို့နယ်တွင် ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ (၁၉၄၀)ဦး ထိုးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ (၁၉၄၀)ဦး ထိုးပြီးဖြစ်


MNP - ဖေဖော်ဝါရီ     ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများနှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက စုကြီးထန်းတော ရပ်ကွက်မြို့တော်ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရာ ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူ (၁၉၄၀)ဦးရှိကြောင်း သိရှိရသည်။

ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ရဲတပ်ဖွဲ့ဝင် (၁၅၆)ဦး၊ ပညာရေး ဝန်ထမ်း(၄၉၀)ဦး၊ အသက် (၅၀)နှင့် အထက် နိုင်ငံ့ဝန်ထမ်း(၈၇၆)ဦးနှင့် အသက်(၆၅)နှစ်အထက် ပြည်သူ (၄၁၈)ဦး စုစုပေါင်း (၁၉၄၀)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကွယ်ဆေးများနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံရာတွင် ပြည်သူများ အဆင်ပြေစေရေး အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းပြီး စနစ်တကျ ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)