MNP - ဖေဖော်ဝါရီ ၁၇
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား သတ္တမ၏အသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူသမ္မတနိုင်ငံမှ ထုတ်လုပ်သော Covishield အမျိုးအစားဖြစ်ပြီး အသက် (၁၈)နှစ်အထက် ပြည်သူများကို ဆေးတစ်လုံးလျှင် လူ (၁၀)ဦး 5 Dose ထိုးနှံလျက်ရှိသည်။ အဆိုပါဆေးကို အသက် (၁၈) နှစ်အထက်ပြည်သူ (၁၃၆) ဦး ထိုးနှံပေးခဲ့ပြီး စုစုပေါင်း ပြည်သူ (၇၂၉၇၉) ဦး ဆေးထိုးပြီးဖြစ်သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများကိုလည်း သတ်မှတ် ဦးစားပေးအုပ်စု အလိုက်ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - သန်းအောင်ဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment