ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပြီးသူ (၂၀၀၃၉၇)ဦး ထိုးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပြီးသူ (၂၀၀၃၉၇)ဦး ထိုးပြီးဖြစ်



MNP - ဖေဖော်ဝါရီ    ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသည့် ပြည်သူများအား ဆက်လက်ထိုးပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်တွင် ကာကွယ်ဆေး ထိုးပြီးသူ(၂၀၀၃၉၇)ဦး ထိုးပြီးကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကြို တင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးပြီးသူ (၁၉၁၇၉)ဦး၊ တရုတ်နိုင်ငံထုတ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပြီးသူ အသက်(၁၂) နှစ်အထက် ကျောင်းသား/ ကျောင်းသူ(၁၅၉၅၂)ဦး နှင့် ပထမအသုတ်တွင်(၂၈၇၂၇)ဦး၊ ဒုတိယ အသုတ် တွင်(၅၂၃၇၅)ဦး၊ တတိယအသုတ်တွင် (၂၇၈၃၂)ဦး၊ စတုတ္တအသုတ်တွင်(၃၄၂၁၆)ဦး၊ ပဉ္စမအသုတ် တွင်(၁၀၆၂၁)ဦး၊ ဆဌမအသုတ်တွင်(၁၀၈၇၂)ဦး၊ သတ္တအသုတ် ပထမအကြိမ်တွင်(၆၂၃)ဦး စုစုပေါင်း (၂၀၀၃၉၇)ဦး ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာ ကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများနှင့် ထပ်ဆောင်း Booster ကာကွယ်ဆေးထိုးနှံ ပေးခြင်းများကို မြို့တော်ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)