ဖြူးမြို့နယ်တွင် မြို့နယ်အဆင့် သံဃာ့နာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ်တွင် မြို့နယ်အဆင့် သံဃာ့နာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်


MNP - ဖေဖော်ဝါရီ    ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်    မြို့နယ်အဆင့်သံဃနာယကအဖွဲ့စည်း  အဆင့်ဆင့် (၂၅)ရာခိုင်နှုန်း အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်းဆိုင်ရာ သံဃာ့ဝန်ဆောင် အခမ်းအနားကို  ယနေ့နံနက်(၉)နာရီခွဲအချိန်က ဖြူးမြို့နယ် မြို့တော်ခန်းမ၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို  နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး အခမ်းအနားမှူး ဆရာတော်မှ အစည်းအဝေးသို့ ကြွရောက် တော်မူလာကြသော မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များအား ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး အထမြောက် ကြောင်း ကြေငြာကာ သဘာပတိဆရာတော်က ဩဝါဒကထာ မြွက်ကြားကာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သာသနာရေး ဆိုင်ရာများကို လျှောက်ထားသည်။

ထို့နောက် အခမ်းအနားမှူးဆရာတော်က အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူသော ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို ကြေညာခြင်း၊ ပြန်လည်ရွေးချယ်နိုင်ရန်အတွက် မူလသတ်မှတ် ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက် အမည်စာရင်းတင်သွင်းမည့် အဆိုရှင် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်ကို ဖိတ်ခေါ်ခြင်း၊ ယင်းအဆိုကို သက်ဆိုင်ရာနယ်မြေ အလိုက်ထောက်ခံမည့် မြို့နယ်သံဃာ့ ဝန်ဆောင် ဆရာတော်ကို ဖိတ်ခေါ်ခြင်း၊ သဘာပတိဆရာတော်က အစားထိုး ရွေးချယ်ခံရသည့် မြို့နယ် သံဃနာယက ဆရာတော် ဘွဲ့အမည်စာရင်းကို မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးသို့ တင်သွင်းပြီး  သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းအပိုဒ် (၃၅၊ ၉၇၊ ၂၀၉)များကို ရှင်းလင်းလျှောက်ထားကာ  နိဂုံးချုပ်  ဩဝါကထာ မြွက်ကြားပြီးနောက်  ဗုဒ္ဓသာသနံစိရံတိဋ္ဌတု  သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပြီး တက်ရောက်လာတော်မူကြသည့် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်မြို့နယ်အဆင့်သံဃနာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခဲ့ရာတွင် ဥက္ကဋ္ဌ ဖြူးမြို့ ထောင့်ကျောင်းတိုက်မှ ဦးပညာသာရ၊ ဒုတိယဥက္ကဋ္ဌက မဟာစည်သာသနာ့ရိပ်သာမှ ဦးအဂ္ဂဝရ၊ အကျိုးတော်ဆောင် အောင်ဇေယျုံစာသင်တိုက်မှ ဦးဥတ္တမသာရ၊   တွဲဖက် အကျိုးတော်ဆောင်  နတ်ရေကန်ကျောင်းမှ ဦးသောဘနအပါအဝင်အဖွဲ့ဝင်ဆရာတော်(၉)ပါးကို လုပ်ထုံး လုပ်များနှင့်အညီ ရွေးချယ်ခဲ့ကြောင်း သိရသည်။

သတင်း - နေမျိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)