ချောက်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကုသရေးစင်တာ ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောက်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကုသရေးစင်တာ ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်






MNP - ဖေဖော်ဝါရီ    ၁၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် အမှတ်(၇)ရပ်ကွက်ရှိ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားကွင်း၊ မိုးလုံလေလုံ အားကစားခန်းမ၌ ယနေ့နံနက်ပိုင်းက ကုသရေးစင်တာဖွင့်လှစ်နိုင်ရေး ကြိုတင် ပြင်ဆင် ဆောင်ရွက် လျက်ရှိသည်။         

ထိုသို့ ချောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကုသရေး စင်တာဖွင့်လှစ်နိုင်ရေးစီစဉ် ဆောင်ရွက်နေမှုတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအနေဖြင့် လာရောက် ကုသမှုခံယူရာတွင် နေရာထိုင်ခင်း အဆင်ပြေစေရေး၊ လေကောင်းလေသန့်ရရှိစေရေး၊ ရေ၊ မီး၊ သန့်စင်ခန်း များအထူးကောင်းမွန်စေရေး၊ သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းများကို  မြို့နယ်မီးသတ်တပ်ဖွဲ့၊မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်များမှ ပရဟိတလူငယ်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ကျော်မိုး

မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)