ကျောက်ဆည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူ (၁၃၁၆၆) ဦး ဆောင်ရွက်ပေးပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူ (၁၃၁၆၆) ဦး ဆောင်ရွက်ပေးပြီဖြစ်

 


MNP - ဖေဖော်ဝါရီ     ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများအား ပန်းခင်းစီမံချက် ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူ (၁၃၁၆၆) ဦး ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ  ဦးစီးအရာရှိ ဦးအောင်ထားရွှေဦးဆောင်မှုဖြင့် ဝန်ထမ်းများက ဖောင်ရွာ၊ ငါးအိုး၊ ကျီးအိပ်၊ ကျောက်ဆည်ကုန်း၊ ကိုးပင်၊ ကြောင်ရွာ၊ မှိုင်းပန်၊ ပတ္တာ၊ အနောက်သာဂရ၊ သီးပင်ကျေးရွာ များတွင် အိမ်တိုင်ယာရောက်ကွင်းဆင်းခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများအား စာရင်းကောက်ယူခဲ့ပြီး ဆောင်ရွက်ပေးလျက်ရှိပြီး ဦးစီးမှူးရုံးတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံသား စိစစ်ရေး ကတ်မရှိသေးသည့် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ စတင်ဆောင်ရွက် ပေးလျက်ရှိရာ လူဦးရေ(၁၃၁၆၆)ဦး ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

သတင်း - သက်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)