ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်




MNP - ဖေဖော်ဝါရီ     ၂၄

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ဟားခါးမြို့၊ ဖလမ်းမြို့နှင့် တီးတိန်မြို့များတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှု မြှင့်တက်လာသည့်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း၊ မြို့ဝင်မြို့ထွက်နေရာများတွင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ RDT Test kit ဖြင့် ရောဂါရှာဖွေရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ရန်နှင့် နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ရန် စသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဟားခါးမြို့တွင် အခြေခံပညာကျောင်းများ အမြန်ဆုံးဖွင့်လှစ် ဆောင်ရွက်သွားရန်လိုကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများကို လိုအပ်သည့် အစီအမံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရန်လိုကြောင်း အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦးက ချင်းပြည်နယ်၏ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကာကွယ်ဆေးလိုအပ်ချက်နှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုနှင့် Booster Dose ထိုးနှံပြီးစီးမှုနှင့် ဆက်လက်ထိုးနှံပေးရန် ဆောင်ရွက်မှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး) Quarantine စင်တာတွင် ရေရရှိရေးကိစ္စ၊ ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုနှင့် ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီးစောထွန်းတို့က အစိုးရစက်မှုလက်မှု သိပ္ပံ(ဟားခါး)ရှိ Quarantine စင်တာနှင့် ဂန့်ဂေါအတွက်ဂိတ်တွင် ကိုဗစ်-၁၉ စစ်ဆေးနိုင်ရေးကိစ္စ၊ ကိုဗစ်-၁၉ ရန်ပုံငွေဖြင့် ကိုဗစ်ကာကွယ်ရေးပစ္စည်း၊ ဆေးပစ္စည်းနှင့် အခြားလိုအပ်ချက်များ ဝယ်ယူရေးကိစ္စ၊ ဟားခါးမြို့တွင် အခြေခံပညာကျောင်းများ အမြန်ဖွင့်လှစ်နိုင်ရေးကိစ္စ၊ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင် စာမေးပွဲအဖြေလွှာများ အချိန်မီသယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးဆိုင်ရာ အစီအမံများ ကြိုတင်ပြင်ဆင်ရန်နှင့် ဆေးရုံတွင် ကားအဆင်သင့် ထားရှိရေးတို့နှင့်ပတ်သက်၍ အကြံပြုဖြည့်စွက် ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)