သထုံဘိုးဘွားများရိပ်သာနှင့် လူငယ်ဖွံ့ဖြိုး‌ရေး ပရဟိတဂေဟာသို့ လူမှုဝန်ထမ်းဦးစီးဌာန၏ ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံဘိုးဘွားများရိပ်သာနှင့် လူငယ်ဖွံ့ဖြိုး‌ရေး ပရဟိတဂေဟာသို့ လူမှုဝန်ထမ်းဦးစီးဌာန၏ ထောက်ပံ့ငွေများပေးအပ်




MNP - ဖေဖော်ဝါရီ     ၂၄

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ဘိုးဘွားများရိပ်သာနှင့် ဘုရားခြောက်ဆူ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာသို့ လူမှုဝန်ထမ်း ဦးစီးဌာန၏ ၂၀၂၁/၂၀၂၂ ဘဏ္ဍာနှစ်အတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြိုနယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဇင်မောင်မောင်က ထောက်ပံ့ငွေပေးအပ်ရခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်းအမှာစကား ပြောကြားပြီး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့က ဘိုးဘွားများရိပ်သာနှင့် ဘုရားခြောက်ဆူ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ တာဝန်ရှိသူများထံ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ‌သထုံဘိုးဘွားများရိပ်သာမှ ဘိုးဘွား(၁၆)ဦးတို့အတွက် ထောက်ပံ့ငွေ ပေါင်း(၁၃၅၆၀၀၀)ကျပ်၊ ဘုရား ခြောက်ဆူ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ လူငယ်(၄၀) ဦး တို့အတွက် ထောက်ပံ့ငွေ (၂၉၄၀၀၀၀) ကျပ်တို့ကို ထောက်ပံ့ပေး ခဲ့ကြောင်း ခရိုင်လူမှုဝန်ထမ်းရုံး မှ သိရသည်။

သတင်း - ကိုကိုဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)