ညောင်ဦးမြို့နယ်ရှိ မီးဘေးသင့်ပြည်သူများအား ငွေနှင့်အသုံးအဆောင်ပစ္စည်း များလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်ရှိ မီးဘေးသင့်ပြည်သူများအား ငွေနှင့်အသုံးအဆောင်ပစ္စည်း များလှူဒါန်း

 


MNP - ဖေဖော်ဝါရီ    ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကြအိုကျေးရွာအုပ်စု၊မြောင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၁ရက်၊ နံနက် ၁၀နာရီ ၁၀မိနစ်အချိန်ကမီးလောင်ကျွမ်းခဲ့သည့် အိမ်ထောင်စုများအတွက် ညောင်ဦး မြို့နယ် တောင်ဘီလေးကျေးရွာအုပ်စုရှိ ကျေးရွာများစုပေါင်းကာ ဖေဖော်ဝါရီ ၂၇ရက်၊ နံနက် ၁၀နာရီအချိန်က ငွေနှင့်အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ ကြောင်းသိရသည်။

ညောင်ဦးမြို့နယ် တောင်ဘီလေးကျေးရွာအုပ်စု၊ ကျေးရွာများဖြစ်သည့် တောင်ဘီ လေးရွာမ၊ တောင်ဘီလေးရွာသစ်၊ တောင်ဘီလေးဥယျာဉ်၊ အရာတော်၊ စည်ပင်သာ၊ သဲယာ ချောင်းကျေးရွာ များစုပေါင်းပြီး ညောင်ဦးမြို့နယ် ကြအိုကျေးရွာအုပ်စု၊ မြောင်ကျေးရွာမီး ဘေးသင့်အိမ်ထောင်စု ၆၆အိမ်အတွက် ငွေသားလှူဒါန်းမှု နှစ်ဆယ်တစ်သိန်းတစ်သောင်း သုံးထောင်ခုနှစ်ရာကျပ် (၂၁၁၃၇၀၀) ကျပ်၊ ဆန်တစ်တင်းခွဲအိတ် (၁၅)အိတ်(၈)ပြီ၊ ကြွေပု ဂံပြား (၅၆၆)ချပ်၊ပုဂံလုံး အကြီး/အသေး(၂၄၃)လုံး၊စတီးဇလုံ (၁၈၁)လုံး၊ စတီးဇွန်း(၁၆၉)  ချောင်း၊ အဝတ်အထည် ဆိုဒ်စုံ(၁၁)အိတ်၊စောင်(၂)ထည်၊ဓာတ်ဘူး(၁)လုံး၊ သုံးဆင့်ချိုင့် (၁)လုံး၊မြေပဲ (၈)ပြီသွားရောက်လှူဒါန်းပေးခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် အိုးအိမ် မဲ့ဖြစ်ခဲ့ရသည့် မြောင်ကျေးရွာ အိမ်ထောင်စု ၆၆အိမ်ထောင်စုအတွက် တောင်ဘီ လေး ကျေးရွာအုပ်စုရှိ ၊ ကျေးရွာများမှ သဒ္ဒါတရားနည်းများမဆိုပါဝင်လှူဒါန်းခဲ့ကြသည့် စုပေါင်း အလှူဖြစ်ကြောင်း လည်းသိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)