ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်စေရေးအတွက် အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်စေရေးအတွက် အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်




MNP - ဖေဖော်ဝါရီ    ၁၉

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်ပြီး နည်းပညာကျွမ်းကျင်မှု အရည်အသွေး မြင့်မားလာစေရန်အတွက် အခြေခံကွန်ပျူတာ သင်တန်းအမှတ်စဉ်(၁)ကို ရန်ကုန် အနောက် ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ ( Community Centre) ၌ယနေ့ နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ထုတ်လုပ်) ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်း ဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဆန်းဝင်းနှင့် ခရိုင်ဦးစီးမှူးများ၊ သင်တန်းဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ထုတ်လုပ်)က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်း တွင် ဝန်ထမ်းတိုင်း၊ ဒီဂျစ်တယ် နည်းပညာ၊ ကွန်ပျူတာ၊ အင်တာနက်အသုံးချမှုနှင့် အခြေခံသဘောတရားများ နားလည် တတ်ကျွမ်းပြီး ရုံးလုပ်ငန်းများတွင် ခေတ်မီအိုင်တီနည်းပညာကို အသုံးချပြီး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန် အခြေခံ သင်တန်းမှ အဆင့်မြင့်အထိ သင်ကြားပေးမည် ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသည့် နောက်ပိုင်းတွင်လည်း ဆက်လက်ဆည်းပူး လေ့ကျင့်သွားကြ စေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက သင်တန်းစည်းမျဉ်း စည်းကမ်း နှင့် ပတ်သက်၍လည်းကောင်း၊ သင်တန်းတာဝန်ခံ ဆရာမဒေါ်ခိုင်ဇာသင်းက သင်တန်းပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းပြောကြားကြသည်။

အဆိုပါ အခြေခံကွန်ပျူတာသင်တန်းကို အပတ်စဉ်စနေနှင့် တနင်္ဂနွေ နေ့များတွင် နံနက် ၉ နာရီမှ ၁၂နာရီအထိ ရုံးတက်ချိန် မထိခိုက်စေဘဲ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်သည်။ ယခုသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း(၂၀)ဦး တက်ရောက် သင်ကြားပြီး သင်တန်းကာလမှာ(၂)လကြာ သင်ယူကြရမည်ဖြစ်သည်။ သင်တန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သင်တန်းသားများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်ခြင်း၊ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးထားကာ စိတ်ချမ်းမြေ့စွာ သင်ယူနိုင်ကြကြောင်း သိရှိရသည်။

သတင်း - အောင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)