ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၁၈ နှစ်အထက် ပြည်သူများအား (ပထမအကြိမ်) ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၁၈ နှစ်အထက် ပြည်သူများအား (ပထမအကြိမ်) ထိုးနှံ

MNP - ဖေဖော်ဝါရီ    ၂၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရ သေးသည့်ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇင်ကျွန်းကျေးရွာအုပ်စုမှ အသက် ၁၈ နှစ်အထက်ရှိ ပြည်သူများအား ၎င်းကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင် (ပထမအကြိမ်) အဆိုပါရောဂါကာကွယ်ဆေးအား ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် ကျေးရွာအတွင်းမှ စေတနာ့ဝန်ထမ်း များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် အသက် ၁၈ နှစ်အထက်ရှိသူများ၊ ရဟန်း သံဃာတော်များ၊ ဘိုး/ဘွားများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သူများကို သတ်မှတ်နေရာများသို့ လိုက်ပါပို့ ဆောင်ပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူ များသာ ကာကွယ်ဆေးများကို ထိုးနှံပေးသည်။

ကျောက်ဖြူမြို့နယ်၊ ဇင်ကျွန်းကျေးရွာတွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးလာရောက်ထိုးနှံမည့် စာရင်းရှိပြည်သူ ၉၀၀ ဦးအား ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)