တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ လှူဒါန်းသော ကျောက်ဖြူလူငယ်စင်တာရှိ မီးဖို၊ စားသောက်အဆောင်သစ်ဖွင့်ပွဲနှင့် အကျိုးတော်ဆောင် ဖွဲ့စည်းခြင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ လှူဒါန်းသော ကျောက်ဖြူလူငယ်စင်တာရှိ မီးဖို၊ စားသောက်အဆောင်သစ်ဖွင့်ပွဲနှင့် အကျိုးတော်ဆောင် ဖွဲ့စည်းခြင်းပြုလုပ်

 


MNP - ဖေဖော်ဝါရီ    ၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ လှူဒါန်းသော ကျောက်ဖြူလူငယ်စင်တာ၊ မီးဖို၊ စားသောက်အဆောင်သစ်ဖွင့်ပွဲနှင့် အကျိုးတော်ဆောင်ဖွဲ့စည်းခြင်းကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က အစိုးရရပ်ကွက်ရှိ အဆိုပါစင်တာအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျောက်ဖြူလူငယ်စင်တာပြုစုစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးငြိမ်းချမ်းမောင် က လူငယ်စင်တာ စတင်တည်ထောင်ရခြင်းနှင့်ပတ်၍ ရှင်းလင်းပြောကြားရာတွင် ကျောက်ဖြူဒေသ နှင့် ရခိုင်ပြည်နယ်အတွင်းရှိ အဋ္ဌမတန်းအောင်မြင်ပြီး ဆင်းရဲနွမ်းပါးကာ ပညာသင်ကြားရေးတွင် အခက်အခဲများကြုံတွေ့နေရသည့် အရည်အချင်းရှိ အကျင့်စာရိတ္တကောင်းမွန်သော ကျောင်းသား/သူ များအား ပြုစုစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်ကြားမှုအပိုင်းများတွင် အခြေခံပညာ ကျောင်းများတွင် ပညာသင်ကြားပေးခြင်း၊ ကျောင်းပို့/ကျောင်းကြို (Ferry Car) ဖယ်ရီကားများ စီစဉ်ဆောင်ရွက်ပေးသွားဖြစ်ကြောင်း၊ အဆောင်အတွင်း၌ သက်မွေးပညာရပ် များအား သင်ကြားပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် မြို့မိ/မြို့ဖ ဦးအောင်ဘစော၊ ဦးထွန်းနု၊ ပြည်နယ် အား/ကာ(ငြိမ်း) ဦးအေးစံ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(ငြိမ်း)ဦးဖိုးစံ၊ မြို့နယ်ပညာ ရေးမှူး(ငြိမ်း)ဒေါ်တင်တင်အုန်း၊ အထက်တန်းပြ(ငြိမ်း) ဒေါ်သန်းသန်းညွန်နှင့် ခရိုင်လူမှုဝန်ထမ်းဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ထွန်းတို့က လူငယ်စင်တာတွင် ထားရှိမည့် ကျောင်းသား/သူများနှင့် ပတ်သက်၍  အကြံပြုဆွေးနွေးကြပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကာ ကော်မတီဖွဲ့စည်းခြင်းကို ဆောင်ရွက်ခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များကို မီးဖို၊ စားသောက်အဆောင်သစ် တွင် စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။

အဆိုပါ လူငယ်စင်တာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ Yunnan Construction and Investment Holding Group Co., Ltd & Yunnan Provincial Oversea Investment Co.,Ltd တို့မှ ဆောက်လုပ်လှူဒါန်းထားရှိပြီး စုစုပေါင်းအခန်း(၁၅)ခန်းပါရှိကာ ကျောင်းသား /သူ (၃၀)ဦးနေထိုင်နိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)