ဘုတ်ပြင်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌဖလား အမျိုးသားသုံးဦး တွဲဖိတ်ခေါ်(အလွတ်တန်း) ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌဖလား အမျိုးသားသုံးဦး တွဲဖိတ်ခေါ်(အလွတ်တန်း) ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ



MNP - ဖေဖော်ဝါရီ    ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် (၇၅)နှစ်မြောက်   စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်  မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဖလား အမျိုးသားသုံးဦး တွဲဖိတ်ခေါ် (အလွတ်တန်း) ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က    မြို့နယ် အားကစားခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲတွင် အောင်မင်္ဂလာ(၁)အသင်းနှင့် အောင်မင်္ဂလာ(၂) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘုတ်ပြင်းတပ်နယ်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ တတိယဆုရရှိသည့် ကမာချောင်းအသင်းအား တစ်ဦးချင်း လည်ဆွဲဆုနှင့်ငွေသားဆုများကို မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ မြို့နယ် ဦးစီးမှူး ဦးနေလင်းအောင်က လည်းကောင်း၊ ဒုတိယဆုရရှိသည့် အောင်မင်္ဂလာ(၂)အသင်းအား တစ်ဦးချင်းလည်ဆွဲဆုနှင့်ငွေသားဆုများကို မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင် ဦးလှကြိုင်က လည်းကောင်း၊ ပထဆုရရှိသည့် အောင်မင်္ဂလာ(၁)အသင်းအား တစ်ဦးချင်း လည်ဆွဲဆုနှင့် ငွေသားဆု များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းတို့က အသီးသီးပေးအပ်ကြပြီး အနိုင်ရ ဗိုလ်စွဲခဲ့သည့် ‌ အောင်မင်္ဂလာ(၁)အသင်းအား တံခွန်စိုက်ဆုဖလားကို ဘုတ်ပြင်းမြို့နယ် အမှတ်(၁၃) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး သော်ဇင်နိုင်က ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)