အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၉၇၉)ဦးတို့အား ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၉၇၉)ဦးတို့အား ထောက်ပံ့ငွေပေးအပ်




MNP - ဖေဖော်ဝါရီ     ၅

မွန်ပြည်နယ်၊   ချောင်းဆုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက်  အဘိုးအဘွားများအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၃ ရက်နေ့က ရပ်ကွက်ကျေးရွာအုပ်စု စာရေးများမှ အိမ်တိုင်ရာ ရောက်ပေးအပ်ခဲ့ကြသည်။

အဆိုပါ ထောက်ပံ့ငွေများကို  အသက်(၈၅)နှစ်နှင့်အထက်  ဘိုးဘွား(၉၇၉) ဦးတို့အတွက်  တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)ကျပ်နှုန်းဖြင့်  ထောက်ပံ့ငွေစုစုပေါင်းငွေကျပ် (၂၉၃၇၀၀၀၀)အား သက်ဆိုင်ရာ ရပ်/ ကျေး  အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အဘိုးအဘွားများ ၏  လက်ဝယ်အရောက် သွားရောက်  ပေးအပ်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)